The network connection is lost.

Banner Image

ပရီးမီးယားလိဂ်အမှတ်ပေး ချန်ပီယံဆုကို အဆုံးအဖြတ်ပေးနိုင်မယ့် ဒီဇင်ဘာပွဲကြပ်ကာလ

ပရီးမီးယားလိဂ်ပွဲစဉ် (၁၂)ကို ရောက်ရှိလာချိန်တွင် ထိပ်ဆုံး၅သင်းဟာ ရမှတ်၆မှတ်သာ ကွာဟနေတာမို့လာမယ့် ခရစ္စမတ်ကာလ ပွဲကြပ်တွေဟာ ချန်ပီယံဖြစ်နိုင်စွမ်းကို ဆုံးဖြတ်ပေးနိုင်တဲ့ ကာလတစ်ခု ဖြစ်လာဖွယ်ရှိနေပါတယ်။ ၂၀၂၁-၂၂ အမှတ်ပေးပြိုင်ပွဲဟာ  အရင်နှစ်တွေကထက် ပိုကြည့်လို့ကောင်းလာသလို ထိပ်ဆုံး၅သင်းရဲ့ အချင်းချင်း ထိပ်တိုက်တွေ့ဆုံမှုတွေဟာလည်း ဒီဇင်ဘာပွဲကြပ်ကာလတွေမှာ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က ပွဲစဉ်၁၁အပြီးမှာ ထိပ်ဆုံး၅သင်းကြား ကွာဟမှု ၄မှတ်သာ ရှိခဲ့ပြီး နောက်ဆုံး၅နှစ်အတွင်း ပထမဆုံးအကြိမ် အမှတ်ကွာဟမှု ကျဉ်းမြောင်းခဲ့တာ ဖြစ်ပါတယ်။ ထိုအချက်ကို အခွင့်ကောင်းယူကာ မနှစ်က အဆင့်၁၁နေရာက မန်စီးတီးက လက်ကျန်ပွဲတွေမှာ အကောင်းဆုံးကစားပြီး ချန်ပီယံဆု ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

မနှစ်က ဒီလိုအချိန်မှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့အခြေအနေကောင်းနေခဲ့ပြီး ခရစ္စမတ်ကာလအလွန်မှာ ခြေချော်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယားရပ်တည်မှုကို ကြည့်ရင် ချဲလ်ဆီးအသင်းက ရမှတ်၂၆မှတ် ၊ မန်စီးတီးက ရမှတ်၂၃မှတ် ၊ ဝက်စ်ဟမ်းက ရမှတ်၂၃မှတ် ၊ လီဗာပူးက ရမှတ်၂၂မှတ် ၊ အာဆင်နယ်က ရမှတ်၂၀စီ ရထားကြသည်။

ဘန်လေနဲ့ပွဲမှာ ချဲလ်ဆီးအသင်း အိမ်ကွင်းမှာ သရေကျကာ ၂မှတ်လျော့ခဲ့ပါတယ်။ ခြင်္သေ့ပြာတွေဟာ လာမယ့်၄ပွဲမှာ ထိပ်ဆုံး၆သင်းနဲ့တွေ့ရမှာ ဖြစ်ပြီး ပွဲစဉ်၁၃မှာ မန်ချက်စတာယူနိုက်တက်ကို ဧည်ခံရမှာဖြစ်သလို ဝက်စ်ဟမ်းအသင်းကိုလည်း ပွဲစဉ် ၁၅မှာ အဝေးကွင်း ကစားရမှာ ဖြစ်တယ်။ ဝက်စ်ဟမ်းအသင်းဟာ လီဗာပူးအပါအဝင် နောက်ဆုံး၄ပွဲဆက်တိုက် နိုင်ထားပြီး လက်ရှိခြေအကောင်းဆုံးအသင်း ဖြစ်နေသည်။

ဒါပေမဲ့ လာမယ့် ဝက်စ်ဟမ်းရဲ့ ၄ပွဲမှာ ၂ပွဲက ပွဲစဉ်၁၃တွင် မန်စီးတီး၊ နောက်ထပ်၆ရက်အကြာတွင် တူချယ်ရဲ့ ချဲလ်ဆီးတို့နဲ့လန်ဒန်ဒါဘီပွဲ ကန်ရမည် ဖြစ်သည်။ မန်စီးတီးအသင်းက ပွဲစဉ် ၁၂အရောက်တွင် ၂ပွဲရှုံးထားပြီး ဖြစ်ပေမယ့် လာမယ့်ပွဲတွေက သီအိုရီအရတော့ ပွဲချောင်နေပါတယ်။ ၂၀၂၁လက်ကျန်ကာလတွင် စီးတီးတို့ဟာ ထိပ်ဆုံး၇သင်းထဲက ဝက်စ်ဟမ်းတစ်သင်းတည်းကိုသာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ထိပ်ဆုံး၅သင်းရဲ့ လာမယ့် ပွဲ၅ပွဲ
=========
ချဲလ်ဆီး - လက်စတာ (အဝေးကွင်း)၊ မန်ချက်စတာယူနိုက်တက် (အိမ်ကွင်း)၊ ဝက်ဖို့ဒ် (အဝေးကွင်း)၊ ဝက်စ်ဟမ်း (အဝေးကွင်း)၊ လိဒ်စ် ယူနိုက်တက် (အိမ်ကွင်း)

မန်စီးတီး - အဲဗာတန် (အိမ်ကွင်း)၊ ဝက်စ်ဟမ်း (အိမ်ကွင်း)၊ အက်စတွန်ဗီလာ (အဝေးကွင်း)၊ ဝက်ဖို့ဒ် (အဝေးကွင်း)၊ ဝုဗ် (အိမ်ကွင်း)

ဝက်စ်ဟမ်း - ဝုဗ် (အဝေးကွင်း)၊မန်စီးတီး (အဝေးကွင်း)၊ ဘရိုက်တန် (အိမ်ကွင်း)၊ ချဲလ်ဆီး (အိမ်ကွင်း)၊ ဘန်လေ (အဝေးကွင်း)

လီဗာပူး - အာဆင်နယ် (အိမ်ကွင်း)၊ ဆောက်သမ်တန် (အိမ်ကွင်း)၊ အဲဗာတန် (အဝေးကွင်း)၊ ဝုဗ် (အဝေးကွင်း)၊ အက်စတွန်ဗီလာ (အိမ်ကွင်း)

အာဆင်နယ် - လီဗာပူး (အဝေးကွင်း)၊ နယူးကာဆယ် (အိမ်ကွင်း)၊ မန်ချက်စတာယူနိုက်တက် (အဝေးကွင်း)၊ အဲဗာတန် (အဝေးကွင်း)၊ ဆောက်သမ်တန် (အိမ်ကွင်း)

လီဗာပူးဟာ နောက်ဆုံး၂ပွဲမှာ ၁မှတ်သာရခဲ့ပြီး ယခုတစ်ပတ် အာဆင်နယ်ကို ဧည်ခံစဉ်မှာ ဒါမျိုး ထပ်မဖြစ်အောင် ရှောင်ရှားသွားရမည် ဖြစ်သည်။ အာဆင်နယ်ကို ထပ်ရှုံးပါက နောက်ထပ် အဆင့်၅နေရာကို ကျဆင်းသွားနိုင်ပါတယ်။

ဂန်းနားတွေနဲ့ရင်ဆိုင်ပြီးနောက် ထိပ်ဆုံး၅သင်းနဲ့ရင်ဆိုင်ဖို့မရှိတော့ပေမယ့် လီဗာပူးနဲ့ပက်သက်မှု မကင်းတဲ့ ရာဖေးဘင်နီတက်ဇ်ဦးဆောင်နေတဲ့ အဲဗာတန် ၊ စတီဗင်ဂျာရတ်ဦးဆောင်မယ့် အက်စတွန်ဗီလာအသင်းတွေနဲ့ထပ်မံ ရင်ဆိုင်ရမှာဖြစ်လို့ခက်ခဲနိုင်ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ လီဗာပူးနဲ့အန်ဖီးလ်ပွဲက စိတ်လှုပ်ရှားစရာဖြစ်ပြီး ၃ပွဲဆက်အနိုင်နဲ့အတူ ၈ပွဲအထိ ရှုံးပွဲမရှိဘဲ လာကစားမှာပါ။

ဒါပေမဲ့ အန်ဖီးလ်မှာ အာဆင်နယ်တို့အစဉ်အလာအရ ရှုံးနိမ့်မှုတွေ ရင်ဆိုင်ရထားပြီး နောက်ဆုံး လာကစားတဲ့ ပရီးမီးယားလိဂ်၅ပွဲစလုံး ရှုံးထားသလို အနိမ့်ဆုံး၃ဂိုးစီနဲ့အရေးနိမ့်ထားပါတယ်။