
အယ်လ်ကလက်စီကိုမှာ အနိုင်ရပြီး လာလီဂါဖလားရဖို့ အခြေအနေကောင်းသွားတဲ့ ဘာစီလိုနာ
ဘာစီလိုနာ ၄ - ၃ ရီးရဲလ်မက်ဒရစ် (ပွဲပြီးရလဒ်)
ပထမပိုင်းအတွင်း နှစ်ဂိုးပြတ်ဦးဆောင်ထားနိုင်တဲ့ ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်းမှာ ပွဲကိုထိန်းကစားမယ့်အစား တိုက်စစ်ဆက်ဖွင့်ပြီး ကစားခဲ့ရာမှတော့့ တန်ပြန်တိုက်စစ်ကနေ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အမ်ဘာပေက ဟက်ထရစ်အဖြစ် ချေပဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာကလည်း အခွင့်အရေးများစွာရခဲ့ပေမယ့် အဆုံးသတ်အားနည်းတာ၊ ကော်တိုရစ် လက်စွမ်းပြတာနဲ့ VARနဲ့ ပယ်ဖျက်ခံရတာတွေကြောင့် ဒီထက်ဂိုးမပြတ်ခဲ့တာ ဖြစ်ပါတယ်။
ယခု အယ်လ်ကလက်စီကိုမှာ အနိုင်ရခဲ့တာကြောင့် ဘာစီလိုနာဟာ ဒီနှစ်ရာသီ လာလီဂါဖလားကို သိမ်းပိုက်နိုင်ဖို့ အနီးစပ်ဆုံးအနေအထား ရောက်ရှိသွားခဲ့ပါတယ်။