The network connection is lost.

Banner Image

ဒဏ်ရာအခြေအနေကို ပြန်လည်ကြံ့ခိုင်မှုပြုလုပ်နေချိန် အသင်းဘက်က အားလပ်ရက်အနားယူတာ ရပ်တန့်ဖို့တွန်းအားပေးခဲ့ကြောင်း အာဆင်နယ်စတား ဝန်ခံပြောကြား

အာဆင်နယ်နောက်ခံလူ တင်းဘားက အသင်းဘက်က သူ့ကိုအားလပ်ရက်အနားယူတာရပ်တန့်ဖို့ တွန်းအားပေးခဲ့ကြောင်း အခိုင်အမာပြောကြားလိုက်ပါတယ်။ မယ်ရာသတင်းဌာနနဲ့အင်တာဗျူးမှာ တင်းဘာက နေရာအတွက် ဒဏ်ရာပြဿနာကိုပြန်လည်ကုသနေချိန် တူရကီ ၊ ကရူကာအို ၊ မိုင်ယာမီ ၊ မာဘယ်လာ် နဲ့ Asian hinterlands တွေကို ခရီးထွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တင်းဘားနဲ့အတူ ကြံ့ခိုင်ရေးနည်းပြကိုပါထည့်ပေးခဲ့ပြီး အားလပ်ရက်အတွက် အနားယူချိန်မှာ ရပ်တန့်ဖို့ တွန်းအားပေးခဲ့တယ်လို့ သိရပါတယ်။ တင်းဘားဟာ ပြီးခဲ့တဲ့ရာသီအကုန်တုန်းက ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပြီး မေလတုန်းက ခွဲစိတ်မှုခံယူခဲ့ပါတယ်။ အခုချိန်မှာတော့ ကြံ့ခိုင်မှုပြည့်ဝနေပြီး လာမယ့်ယူနိုက်တက်နဲ့ပွဲမှာ ပါဝင်ဖို့အသင့်ဖြစ်နေပါတယ်။ အသက် ၂၄ နှစ်သားဟာ နွေရာသီအားလပ်ရက်မှာ ခရီးတွေထွက်နေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ၂ လအတွင်းမှာ တစ်ကမ္ဘာလုံးရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီအကုန်တုန်းက ကျွန်တော် ခွဲစိတ်မှုပြုလုပ်ခဲ့ပါတယ်။ ခြေကျင်းဝတ်မှာ တစ်စုံတစ်ခုခံစားခဲ့ရပြီး အဲ့တာက အခြေအနေဆိုးဝါးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်အဆင်ပြေလာပါပြီ။ နွေရာသီတုန်းက ကြံ့ခိုင်မှုတည်ဆောက်ရင်း မတ်တပ်တောင်မရပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်နေရာကောင်းတွေကို ခရီးထွက်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ကျွန်တော် ပြန်လည်ကြံ့ခိုင်မှုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော် တူရကီ ၊ ကရူကာအိုကိုလည်း ရောက်ခဲ့ပါတယ်။ ကျွန်တော့်အမေက အဲ့နိုင်ငံကပါ။ ကျွန်တော့်မိသားစုနေရာကိုသွားခဲ့ရတာ အရမ်းကောင်းပါတယ်။ ကျွန်တော် မိုင်ယာမီ ၊ မာဘယ်လာအပြင် အာရှကိုလည်းရောက်ခဲ့ပါတယ်။ ၂ လအတွင်းမှာ ကျွန်တော်တစ်ကမ္ဘာလုံးရောက်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူ အသင်းကထည့်ပေးလိုက်တဲ့သူပါလာပါတယ်။

အဲ့တာနဲ့ ကျွန်တော် ခရီးတွေထပ်ထွက်ချင်သေးတယ်လို့ ပြောခဲ့ပေမယ့် အသင်းဘက်က များနေပြီဆိုပြီး  ရပ်တန့်ဖို့ ပြောခဲ့ပါတယ်။ အစတုန်းက  ကျွန်တော်ချိုင်းထောက်နဲ့စတင်ခဲ့ရပြီး နောက်ပိုင်းမှာတော့ အဲ့တာမလိုအပ်တော့ပါဘူး။ အစကတော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ ခက်ခဲတဲ့စတင်မှုရှိခဲ့ပါတယ်။ အကောင်းဆုံးစတင်နိုင်ခဲ့မယ်ဆိုရင် အဲ့တာက အံ့ဖွယ်ပါပဲ။ ဒါက စိန်ခေါ်မှုပါ။ ဒါပေမယ့် ကျွန်တော်တို့ နောက်ပွဲအတွက်သေချာလေးချဉ်းကပ်ဖို့ လိုအပ်ပါတယ်။ နိုင်ပွဲရဖို့ လိုအပ်ခဲ့ပြီး အကောင်းဆုံးချဉ်းကပ်နည်းလည်းဖြစ်ခဲ့ပါတယ်”လို့ တင်းဘားက ပြောကြားခဲ့ပါတယ်။