The network connection is lost.

Banner Image

ရိန်းဂျားနဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အာမက်ဒီယာလိုကို တန်ဟက်ချီးကျူး

မန်ချက်စတာယူနိုက်နည်းပြ အဲရစ်တန်ဟက်က ယမန်နေ့ညက ရိန်းဂျားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ အသင်းအတွက်ခြေစွမ်းပြသနိုင်ခဲ့တဲ့အပြင် ဦးဆောင်ဂိုးကိုသွင်းယူနိုင်ခဲ့တဲ့ အာမက်ဒီယာလိုကို ချီးကျူးစကားဆိုလာခဲ့ပါတယ်။ 

အာမက်ဟာ ပြီးခဲ့တဲ့အပတ်က ရိုဆင်ဘော့ကို ရှုံးနိမ့်ခဲ့တဲ့ ပထမဆုံးခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့် ရိန်းဂျားနဲ့ပွဲမှာ‌တော့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ အသင်းအတွက် ဦးဆောင်ဂိုးကိုသွင်းယူခဲ့ပြီး ‌ခြေစွမ်းကောင်းကိုလည်း ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ မန်နေဂျာ အဲရစ်တန်ဟက်က တောင်ပံကစားသမားရဲ့ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး လာမယ့် ၂၀၂၄-၂၅ ရာသီမှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ကြယ်ပွင့်ဖြစ်လာမယ်လို့ အခိုင်အမာထောက်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ဒူးခေါင်းဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရတဲ့ အာမက်ဟာ အသင်းအတွက် ကစားပေးခဲ့တဲ့ ၁၂ ပွဲမှာ ၂ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ တန်ဟက်က "ကျွန်တော်တို့ အာမက်ကို မတူညီတဲ့ပုံစံတစ်မျိုးနဲ့ မြင်တွေ့ရပါလိမ့်မယ်။ သူက အသက်ငယ်သေးတာမှန်ပေမယ့် အတွေ့အကြုံမရှိတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီက သူ့မှာ ဒဏ်ရာရခဲ့လို့ ခက်ခဲတဲ့အချိန်တွေရှိခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကတော့ သူဟာချန်ပီယံရှစ်မှာ တောက်ပတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့ပြီးသားပါ"

"ရာသီကုန်မှာတော့ အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် ပါဝင်နိုင်ခဲ့ပြီး ပွဲကြီးပွဲကောင်းတွေကစားခဲ့ရပါတယ်။ လာမယ့် ရာသီကတော့ သူ့ရာသီဖြစ်လာမှာပါ။ အခုလို စတင်နိုင်ခဲ့တာ သူ့အတွက်ကောင်းပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကပွဲမှာတော့ သူမကစားနိုင်ခဲ့ပါဘူး။ ဒီနေ့တော့ ကစားနိုင်ခဲ့ပြီး ခြေစွမ်းလည်းပြနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ယခုအခါမှာတော့ ယူနိုက်တက်ဟာ ခြေစမ်းပွဲစဉ်တွေကစားဖို့ အမေရိကန်သို့ ခရီးထွက်ခွာသွားမှာဖြစ်ပြီး လီဗာပူး၊ ရီးရဲလ်မက်ဒရစ်၊ အာဆင်နယ်တို့နဲ့ ဆက်လက်ခြေစမ်းသွားမှာဖြစ်ပါတယ်။