The network connection is lost.

Banner Image

ခြေစွမ်းနစ်မြုပ်နေတဲ့ အေဂျက်ကစားသမားဟောင်းတစ်ဦးကို ခေါ်ယူချင်နေတဲ့ တန်ဟက်

ယူနိုက်တက်နည်းပြ တန်ဟက်ကတော့ ဘိုင်ယန်မြူးနစ်စတား မာဇာအူရီကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး သူရောက်လာတာက အန်တိုနီရဲ့ကစားသမားဘဝကို ပြန်လည်ရှင်သန်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ အခုနွေရာသီမှာ ဇီကာဇီ ၊ ယိုရိုတို့ကိုခေါ်ယူထားခဲ့ပြီးဖြစ်ကာ ကွင်းလယ်ပိုင်းအတွက် ပီအက်စ်ဂျီစတား ယူဂါတီကို ချိတ်ဆက်နေပါတယ်။ တန်ဟက်ကတော့ ညာနောက်ခံလူနေရာအတွက် ခေါ်ယူချင်နေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ဒါလော့က အဓိက ကစားသမားဖြစ်ခဲ့ပြီး ဝမ်ဘစ်ဆာကာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေကာ ဝက်စ်ဟမ်းက စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ဟာ မာဇာအူရီကို ခေါ်ယူဖို့ ဘိုင်ယန်နဲ့စကားပြောနေပြီး ဘစ်ဆာကာကို ရောင်းထုတ်ပြီးရင် မော်ရိုကိုသားကို ခေါ်ယူသွားဖွယ်ရရှိနေပါတယ်။ မော်ရိုကိုသားဟာ အေဂျက်မှာတုန်းက အန်တိုနီနဲ့အတွဲညီခဲ့တာဖြစ်ပြီး တန်ဟက်က အဆိုပါအခြေအနေကို ပြန်လည်အသက်သွင်းချင်နေပါတယ်။

အန်တိုနီဟာ ၂၀၂၂ သြဂုတ်လတုန်းက အေဂျက်ထံကေနေ ပေါင် ၈၅ သန်းနဲ့ ယူနိုက်တက်ထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပထမဆုံး ၃ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဘရာဇီးသားဟာ ယူနိုက်တက်အတွက် ၈၂ ပွဲမှာ ၁၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၅ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။

ကစားသမားရဲ့အေးဂျင့်ဖြစ်သူကတော့ အသင်းကနေ အငှားနဲ့ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချထားခဲ့ပါတယ်။ ဘိုင်ယန်ကလည်း မာဇာအူရီကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး ပေါင် ၂၁ သန်းလောက် အလိုရှိနေကာ ယူနိုက်တက်က ပေါက် ၁၂ သန်း ကနေ ၁၈ သန်းကြားလောက်နဲ့သာ ခေါ်ယူချင်နေပါတယ်။