The network connection is lost.

Banner Image

ပွဲဦးထွက်နောက်ကျရတဲ့အကြောင်း ဖွင့်ဟပြောကြားလာတဲ့ ဘာစီလိုနာစတား ရှက်ဇနီ

ဘာစီလိုနာဂိုးသမား ရှက်ဇနီက ပွဲဦးထွက်ပါဝင်ခွင့်နောက်ကျရတဲ့အကြောင်းကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဆက်ဇနီဟာ ၂၀၂၃ - ၂၄ ရာသီအကုန်တုန်းက ဂျူဗင်တပ်စ်အသင်းနဲ့အတူ အနားယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၂ လအကြာမှာ ပိုလန်သားဟာ ဘာစီလိုနာဂိုးသမား တာစတီဂျန်ဒဏ်ရာရမှုနဲ့အတူ ကစားသမားဘဝကို ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ဘာစီလိုနာအသင်းနဲ့ ရာသီအကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် နည်းပြ ဖလစ်လက်အောက်မှာ ပွဲဦးထွက်ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။

တာစတီဂျန်ဒဏ်ရာရမှုကြောင့် အရန်ဂိုးသမား ပီနာကို ထည့်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် ရှက်ဇနီရောက်လာမှုက စပိန်သားအနေနဲ့ အရန်အဖြစ်သာ ပါဝင်ခွင့်ရမယ်လို့ ခန့်မှန်းခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပီနာက လက်စွမ်းကောင်းတွေပြသနေတာကြောင့် ဘာစီလိုနာကစားကွက်မှာ အံဝင်နေပြီး ပိုလန်သားက ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ စောင့်ဆိုင်းနေရတာဖြစ်ပါတယ်။

“ဘယ်အချိန်မှာ ကျွန်တော်ပွဲဦးထွက်နိုင်မှာလဲ?။ ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် အစကပြောသလိုပါပဲ။ ကျွန်တော့်ပုံစံကောင်းပြန်ရဖို့က ပထမပါ။ အဲ့တာက အရေးအကြီးဆုံးအရာပါ။ အခုတော့ ကျွန်တော် ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ခံစားရပါတယ်။
ရုပ်ပိုင်းကော စိတ်ပိုင်းဆိုင်ရာပါ အဆင်ပြေပါတယ်။ ဒါပေမယ့် ဖြစ်ပျက်နေတာတွေကိုလည်း နားလည်ပါတယ်။ ကျွန်တော်သာ နည်းပြဆိုရင်လည်း အခုလိုမျိုးပဲလုပ်ဆောင်မှာပါ။ အဲ့တာက ပြောဖို့ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လက်ရှိအခြေအနေတွေကို ၁၀၀% သဘောတူပါတယ်”လို့ ရှက်ဇနီက ဖြေကြားခဲ့ပါတယ်။

ဆက်ဇနီဟာ လာမယ့် ကိုပါဒယ်ရေး နဲ့ စပိန်စူပါဖလားတွေမှာ ပါဝင်ခွင့်ရဖွယ်ရှိနေပြီး လာလီဂါမှာတော့ ပီနာပဲပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။