The network connection is lost.

Banner Image

ယူရို ၂၀၂၄ အတွင်း ကျောင်းစာမေးပွဲကို အောင်မြင်သွားပြီဖြစ်တဲ့ စပိန်လူငယ်ကစားသမားလေး ရာမယ်လ်

ကျောင်းစာမေးပွဲတွေအောင်မြင်သွားခဲ့ပြီးနောက် ဂျော်ဂျီယာနှင့်ကစားမယ့် ယူရို ၂၀၂၄ ၁၆ သင်းအဆင့်ပွဲစဉ်မတိုင်မီ ဘာစီလိုနာတောင်ပံကစားသမား ရာမယ်လ်က အောင်ပွဲကျင်းပနေပြီဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ရာမယ်လ်ဟာ ဂျာမနီတောင်ပိုင်းရှိ စပိန်ရဲ့လေ့ကျင့်ရေးကွင်းမှာ သတင်းကောင်းကို ကြားခဲ့ရတာဖြစ်ပြီး အဲ့ဒီမှာ သူ့ရဲ့ပညာရေးအတွက်လုပ်ဆောင်ရင်း နိုင်ငံအတွက် ကိုယ်စားပြုပြီး ကစားနေတာဖြစ်ပါတယ်။

"ကျွန်တော် လေ့ကျင့်ရေးက ထွက်လာခဲ့ပြီးတော့ အားလုံးအဆင်ပြေသွားပြီလို့ကြားသိခဲ့ရပါတယ်။ ကျွန်တော်ဟာ စာမေးပွဲတွေ အားလုံးကို အောင်မြင်ခဲ့ပြီး အခုတော့ ESO ကို တက်ရောက်ရတော့မှာဖြစ်ပါတယ်" "အရိုးသားဆုံးပြောရရင် ဒါကို ကျွန်တော့်ရဲ့ ဖုန်းထံမှာတွေ့ခဲ့ပြီး စာပေးပွဲအောင်တယ်ဆိုတာကို တွေ့ခဲ့ပြီးနောက် App ကို ပိတ်လိုက်ကာ အဖေနဲ့အမေ့ဆီကို ဖုန်းဆက်ခဲ့ပါတယ်" လို့ သူက စပိန်ရေဒီယိုဖြစ်တဲ့ Onda Cero သို့ ပြောပါတယ်။

စာမေးပွဲအောင်ခဲ့တဲ့အတွက် သူဟာ ESO ရဲ့ စတုတ္တနှစ်သို့တက်ရောက်ရမှာဖြစ်ပြီး ဒါဟာ စပိန်ရှိ ဒုတိယတန်းပညာရေးရဲ့ နောက်ဆုံးအဆင့်လည်းဖြစ်ပါတယ်။ အဆိုပါအတန်းဟာ ယူကေရှိ GCSE နှင့် ယူအက်စ်ရှိ အထက်တန်းဒီပလိုမာတို့နှင့် အဆင့်တူညီတာဖြစ်ပါတယ်။ ယူရို ၂၀၂၄ ဖိုင်နယ်မတိုင်မီ တစ်ရက်အလိုမှာ အသက် ၁၇ ပြည့်မယ် ရာမယ်လ်ဟာ ယူရိုကို သူ့ရဲ့အိမ်စာတွေနဲ့အတူ ရောက်လာခဲ့တာဖြစ်ပါတယ်။

COPE နှင့်အင်တာဗျူးမှာ အသင်းဖော်တွေနဲ့အတူ ကျောင်းစာတွေကိုလုပ်သလားလို့မေးရာတွင် သူက ရယ်လျက် "မလုပ်ပါဘူး ကျွန်တော် တစ်ဦးတည်းသီးသန့်လုပ်တာပါ။ သူတို့တွေက သွားတော့ သွားတော့ မင်းစာတွေသွားလုပ်တော့လို့တော့ စကြပါတယ်" လို့ ပြောပါတယ်။ "ကျွန်တော်တို့က အားလပ်ချိန်တွေအများကြီးရပါတယ်။ အခန်းထဲမှာဆိုရင် ကျွန်တော်က ဘာမှလုပ်စရာမရှိပါဘူး။ ကျွန်တော်က iPad ကိုယူပြီး အိမ်စာတွေလုပ်တော့တာပါပဲ။ နီကိုနဲ့ ဖာမင်တို့က Playstation ကစားဖို့ခေါ်ရင်တော့ အောက်ထပ်ကိုဆင်းသွားပါတယ်" လို့ ရာမယ်လ်က ပြောပါတယ်။

စပိန်ရဲ့အဖွင့်ကို ဝင်ရောက်ကစားခဲ့တဲ့ ရမ်မဲလ်ဟာ ယူရိုမှာ အသက်ငယ်ဆုံးကစားသမားအဖြစ် စာရင်းဝင်သွားတာဖြစ်ပြီး အဲ့ဒီတုန်းက သူ့ရဲ့အသက်က ၁၆ နှစ် နဲ့ ၃၃၈ ရက်သာရှိသေးတာဖြစ်ပါတယ်။ သူဟာ စပိန်အသင်းရဲ့ အုပ်စုပွဲစဉ် အားလုံးကို ပါဝင်ကစားခဲ့ပြီး ၁၀၀ % နိုင်ပွဲနှင့် ရှုံးထွက်အဆင့်သို့ရောက်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဒီတစ်ပတ်တွင် ဂျော်ဂျီယာနှင့် ကိုလုံးမှာ ကစားရမှာဖြစ်ပါတယ်။

သူဟာ စပိန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၀ ပွဲကစားပေးထားပြီး ၂ ဂိုးသွင်းယူကာ ၅ ဂိုးဖန်တီးပေးထားပါတယ်။ လူငယ်ကစားသမားလေးဟာ ကလပ်အတွက်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိနေသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ဘာစီလိုနာအတွက် ပွဲပေါင်း ၅၀ ကစားပေးထားတာဖြစ်ပါတယ်။