The network connection is lost.

Banner Image

ယူနိုက်တက်နည်းပြဘ၀အတွင်း သူ့အပေါ် ပြဿနာအများဆုံးပေးခဲ့တဲ့ ပြိုင်ဘက် ကစားသမားအမည်ကို ဖွင့်ဟလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားက ယူနိုက်တက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၎င်းကို ပြဿနာအများဆုံးပေးခဲ့တဲ့ ပြိုင်ဘက်ကစားသမားအမည်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ဆိုးလ်ရှားဟာ မော်ရင်ဟိုကို ထုတ်ပယ်ပြီးနောက် ယူနိုက်တက်ရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဆိုပါနော်ဝေနည်းပြသည် အိုးလ်ထရက်ဖို့ဒ်တွင် အထင်ကြီးစရာကောင်းသော ရလဒ်များဖြင့် စတင်ခဲ့ပြီး နည်းပြချုပ်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

သို့သော်လည်း ပြိုင်ဘက်လီဗာပူးကို ၅-၀ ဖြင့် ရှုံးနိမ့်ခဲ့သည့်အပြင် ဆိုးရွားသောရလဒ်များကြောင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပယ်ခံခဲ့ရပါတယ်။ မကြာသေးမီက The Athletic နှင့် အင်တာဗျူးတစ်ခုတွင် ဆိုးလ်ရှားသည် ၎င်း၏မန်နေဂျာဘဝတစ်လျှောက် ပြဿနာအများဆုံး ပေးခဲ့သည့် ပြိုင်ဘက်ကစားသမားအကြောင်း ပြောဆိုခဲ့ပါတယ်။

၎င်းက “မန်စီးတီးနဲ့ လီဗာပူးအသင်းတွေဟာ သူတို့ရဲ့ ကလပ်အသင်းတွေထဲမှာ အရမ်းကောင်းမွန်တဲ့ မန်နေဂျာတွေ ရှိနေပြီး ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။ ၁၉၈၀ ခုနှစ်အလွန်တွေမှာ လီဗာပူးက အရမ်းကောင်းခဲ့တဲ့အပြင် ယာဂင်ကလော့ပ်ရဲ့ လက်အောက်မှာလည်း အရမ်းကောင်းတဲ့အသင်းဖြစ်တယ်ဆိုတာ ကျွန်တော်ရဲရဲကြီးပြောနိုင်ပါတယ်။ ကျွန်တော်ရဲ့ ပြီးခဲ့တဲ့ရာသီက အိမ်ကွင်းမှာ လီဗာပူးနဲ့ ကစားခဲ့ပါတယ်။ ကျွန်တော်တို့ မန်စီးတီးကိုသွားပြီး အနိုင်ရတုန်းကလည်း သူတို့အဆင်သင့်ဖြစ်နေတယ်လို့ ကျွန်တော်ခံစားမိသလို ကစားသမားတွေကလည်း အဆင်သင့်ဖြစ်နေပြီလို့ ခံစားရတယ်။ ကျွန်တော်တို့ အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပေမယ့် ကျွန်တော်တို့ ၅-၀ နဲ့ ရှုံးခဲ့ပါတယ်။ အပိုင်ကန်သွင်းချက်တွေနဲ့ အခွင့်အရေးတွေ အနည်းနဲ့အများ ၅၀ ရာခိုင်နှုန်းစီ ဖြစ်ခဲ့ပေမဲ့ ပထမပိုင်းမှာပဲ ကျွန်တော်တို့ ၄-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ကျွန်တော် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပြီး ဒါဟာ ယူနိုက်တက်မန်နေဂျာသက်တမ်းတစ်လျှောက် အဆိုးဆုံးပါပဲ။ ဖာမီနိုဟာ မန်နေဂျာတစ်ယောက်အနေနဲ့ ကျွန်တော့်ကို ပြဿနာအများဆုံးဖြစ်စေတဲ့ ပြိုင်ဘက် ကစားသမားဖြစ်နိုင်ပါတယ်။ တော့တင်ဟမ်အသင်းးကို အိမ်ကွင်းမှာ ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲကလည်း အလုပ်ထုတ်ခံရမှုအပေါ် သက်ရောက်မှုရှိခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအချိန်က ဖာမီနိုဟာ ယာဂင်ကလော့ပ်ရဲ့ အကြိုက်ဆုံးကစားသမားဖြစ်ပြီး ဆာလာ၊ မာနေးတို့နှင့်အတူ ရှေ့တန်းသုံးယောက်ပါဝင်တဲ့ တိုက်စစ်မှာ လီဗာပူးအသင်း အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းမှာ ကစားနေစဉ်အတွင်း ၎င်းသည် လီဗာပူးကို ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ လိဂ်ဖလား၊ အက်ဖ်အေဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကို ရရှိနိုင်ရန် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ဖာမီနိုသည် ၎င်း၏စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ ပြီးခဲ့တဲ့နွေရာသီမှာတော့ လီဗာပူးမှ ဆော်ဒီပရော်ဖက်ရှင်နယ်လိဂ်ကလပ် အယ်လ်အာလီသို့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။