The network connection is lost.

Banner Image

လီဗာပူးစတားအသင်းမှာဆက်ရှိနေမယ်လို့ အပြည့်အဝအာမမခံနိုင်ကြောင်း စလော့ဝန်ခံပြောကြား

လီဗာပူးအသင်းနည်းပြ စလော့က မိမိအနေနဲ့ နောက်ခံလူ အာနိုးလ်တစ်ယောက် အသင်းမှာဆက်ရှိနေမယ်လို့ အပြည့်အဝအာမမခံနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ အခုဆောင်းဈေးကွက်မှာ အာနိုးလ်ကိုခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး အခုလထဲမှာ အဆင်မပြေခဲ့ရင် လာမယ့်နွေမှာ အလွတ်နဲ့ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။

အဆိုပါအနေအထားကြောင့် စလော့က အင်္ဂလန်သားဟာ လာမယ့်လထဲမှာ လီဗာပူးကစားသမားအဖြစ် ဆက်ရှိနေမယ်လို့ အာမမခံနိုင်ကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။ စလော့က အာနိုးလ်အနေနဲ့ အသင်းအတွက် အပြည့်အဝအာရုံစိုက်နေပေမယ့် အသင်းမှာဆက်ရှိနေဖို့တော့ မသေချာကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အာနိုးလ်အပြင် ဆာလက် နဲ့ ဗန်ဒိုက်တို့ကိုလည်း ဆက်ထိန်းရဦးမှာဖြစ်ပါတယ်။ အီဂျစ်သားကတော့ လီဗာပူးအသင်းမှာ အခုနှစ်က နောက်ဆုံးနှစ်ဖြစ်နိုင်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ သတင်းထောက်တွေကို စလော့က ပြောကြားရာမှာ “လာမယ့်တနင်္ဂနွေနေ့မှာလည်း သူ(အာနိုးလ်)တစ်ယောက် တူညီတဲ့စွမ်းဆောင်ရည်အတိုင်း ကစားမယ်လို့ မျှော်လင့်ပါတယ်။

ပထမရာသီဝက်တုန်းက သူဘယ်လောက်ကောင်းခဲ့လဲဆိုတာ လူတွေမြင်နိုင်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူအလုပ်နေ့တိုင်းကြိုးစားတာကို မြင်ရပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ အပြည့်အဝအာရုံစိုက်နေပါတယ်။ လာမယ့်တနင်္ဂနွေမှာ သူပါဝင်ကစားမှာပါ။ လာမယ့်လတွေမှာ ဘာဖြစ်မလဲဆိုတာတော့ ပြောဖို့ခက်ပါတယ်။ ဘောလုံးမှာက ဘာမဆိုဖြစ်နိုင်ပါတယ်။ ဆာလက် ၊ ဗန်ဒိုက်တို့အခြေအနေကလည်း အတူတူပါပဲ။ ဘာမဆိုဖြစ်နိုင်ပါတယ်။

အခုလက်ရှိမှာတော့ အသင်းအတွက်ပဲ အပြည့်အဝအာရုံစိုက်နေပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အာနိုးလ်တစ်ယောက် အသင်းမှာဆက်ရှိနေမလားဆိုတာ လာမယ့်လထဲမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။