The network connection is lost.

Banner Image

တကျော့ပြန်ချန်ပီယံလိဂ်ဖိုင်နယ် သည်းထိတ်ရင်ဖိုခရီးလမ်းအတွက် အလွန်ပျော်ရွှင်ကျေနပ်နေတဲ့ ဆီမြွန်နီအင်ဇာဂီ

ဒီနေ့မနက်ပိုင်းမှာပဲ အင်တာမီလန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီးဆီ တက်ရောက်နိုင်ရေးအတွက် ထူးခြားကောင်းမွန်လွန်းတဲ့ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ပြီးချိန် နည်းပြဆီမြွန်နီအင်ဇာဂီက ပြိုင်ဘက်ရဲ့ အဆင့်အတန်းကို အပြည့်အဝနားလည်ထားပေမယ့် တစုံတဦးအတွက်ရည်ရွယ်ကာ သူ့ရဲ့ကစားသမားတွေကို အပြောင်းအလဲမပြုလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

ပထမအကျော့တစ်ဖက်သုံးဂိုးစီသရေကျပြီးချိန် ဆန်စီရိုကွင်းပွဲစဉ်ကို စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်လို့ မှန်းဆကြည့်ဖို့ဆိုတာ အတော်လေးခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒီကလပ်အသင်းနှစ်ခုက မိနစ် ၁၂၀ ကြာ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး အင်တာမီလန်အနိုင်ရရှိစေမယ့် ၄-၃ ဂိုးဆိုတဲ့ရလဒ်ကို ဖန်တီးသွားခဲ့ပါတယ်။

Sky Sports နဲ့တွေ့ဆုံချိန် အင်ဇာဂီက “ ပထမဆုံးအနေနဲ့ တကယ်ကိုကောင်းမွန်လွန်းလှတဲ့ ဘာစီလိုနာအသင်းကိုလည်း ဂုဏ်ပြုရပါမယ်။ ဒါက ကွင်းတွင်းမှာ ကောင်လေးတွေအတွက် ချီးကျူးစရာဖြစ်သလို ကြီးကျယ်ခမ်းနားလှတဲ့စွမ်းဆောင်မှုနှစ်ခုကို ဖန်တီးပေးခဲ့တဲ့ စူပါအင်တာမီလန်အသင်းကိုလည်း ယူဆောင်ပေးခဲ့ပါတယ်။ သူတို့ရဲ့နည်းပြဖြစ်နေလို့ ပျော်ရွှင်မိပါတယ်။ သူတို့တွေက ကျွန်တော့်အတွက် အစွမ်းကုန်ပေးဆပ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့အတွက် ဒီကွင်းကြီးအတွင်းမှာ အောင်မြင်မှုကိုခံစားရမယ်ဆိုတဲ့ အခွင့်အရေးတစ်ခုပဲ ရှိပါတော့တယ်”လို့ ဆိုပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး အင်တာမီလန်က နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမယ့် ဘာစီလိုနာရဲ့အံ့ဖွယ်ပြန်လာနိုင်မှုနဲ့အတူ သာမန်ပွဲကစားချိန်အပြီး ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရဖို့အထိ နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် အဆာဘီရဲ့နာကျင်အချိန်ပိုချေပဂိုးနဲ့အတူ လူစားဝင်ကစားသမားက ဖရာတီစီက အချိန်ပိုမှာ အဖိုးတန်အနိုင်ဂိုးသွင်းယူခဲ့လို့ အင်တာမီလန်အတွက် အဖိုးတန်အိမ်ကွင်းနိုင်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

အင်ဇာဂီက “ ကျွန်တော်တို့မှာ ပြဿနာအချို့ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ကိုယ့်နှလုံးသားနဲ့အတူ အခက်အခဲအတားအဆီးတိုင်းကို ကျော်ဖြတ်လာခဲ့ပါတယ်။ ကျွန်တော်တို့မှာရှိထားတဲ့ အရည်အသွေးတွေ၊ လက်နက်ကောင်းတွေနဲ့အတူ နှလုံးသားအတွက် ကစားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ပထမအကျော့ပွဲစဉ်အပြီး ပွဲကြိုအစီအမံတွေ ကျွန်တော်တို့စိတ်ထဲမှာ ရှိခဲ့ပေမယ့် အားလုံးအတူတကွစွန့်လွှတ်အနစ်နာခံကူညီပေးခြင်းမရှိဘဲနဲ့တော့ ဒီအလုပ်ကို မလုပ်နိုင်ပါဘူး”လို့ ပြောပါတယ်။

အင်ဇာဂီကိုယ်တိုင်လည်း ပထမအကျော့ထိပ်တိုက်ရင်ဆိုင်မှုမှာ အစွမ်းပြခဲ့တဲ့ အသက်-၁၇ နှစ်အရွယ် လမိုင်းယာမယ်လ်ရဲ့အစွမ်းအစအပြင် ဘာစီလိုနာအသင်းရဲ့အရည်အသွေးများစွာကို မြင်တွေ့ခဲ့ပါတယ်။ အင်ဇာဂီက “ ဒီနေရာမှာ ယာမယ်လ်အကြောင်း ဆွေးနွေးမှုတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ဒီဂျောင်လို့ခေါ်တဲ့ သာမန်ထက်ထူးကဲတဲ့ နောက်ထပ်ကစားသမားတစ်ဦးကို မြင်တွေ့ခဲ့ပါတယ်။

သူက ယာမယ်လ်လိုမျိုးပဲ ကျွန်တော့်ကို အထင်ကြီးစေပါတယ်။ သူက Second Ball တိုင်းကို ရှင်းထုတ်ခဲ့တာပါ။ ကမ္ဘာပေါ်မှာရှိသူတစ်ဦးတစ်ယောက်အတွက်နဲ့ ကျွန်တော့်ရဲ့အစီအမံတွေကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် ယာမယ်လ်အပြင် အရမ်းကောင်းတဲ့ကစားသမားတစ်ဦးကို ကျွန်တော် မြင်တွေ့ခဲ့ပါတယ်”လို့ ဆိုပါတယ်။