The network connection is lost.

Banner Image

ဆာလက်ဟာ လီဗာပူးမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သန်း ရရှိနေတယ်လို့ ပြောကြားလိုက်တဲ့ အေးဂျင့်

ဆာလက်ရဲ့ ရှေ့နေနှင့်အကြံပေးဖြစ်သူ ရမ်မီအဘတ်စ်အစ္စဆာက သူရဲ့ကစားသမားဟာ တစ်ပတ်လျှင် အနည်းဆုံး ပေါင် ၁ သန်း ဝင်ငွေရှိကြောင်း မကြာသေးမီက ဖော်ပြခဲ့ပါတယ်။ The Guardianရဲ့ ဖော်ပြချက်အရ အက်ဘက်က အသက် ၃၁ နှစ်အရွယ်ကစားသမားရဲ့ နောက်ဆုံးစာချုပ်ကို ၂၀၂၀ ခုနှစ်အစောပိုင်းတွင်စတင်ခဲ့သော်လည်း ၂၀၂၂ ခုနှစ် ဇွန်လအထိ အပြီးသတ်ရန်ကျန်ရှိနေသေးကြောင်း မကြာသေးမီက ဟားဗတ်စီးပွားရေးကျောင်း (HBS) လေ့လာမှုတစ်ခုအား ပြောကြားခဲ့ပါတယ်။

 

နွေရာသီတွင် လီဗာပူးအသင်းနှင့် စာချုပ်ဆွေးနွေးမှုမှာ လုံးဝပျက်သွားခဲ့ကြောင်း အဆိုပါအကြံပေးပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေကြား ထင်ကြေးများစွာ ထွက်ပေါ်လာခဲ့ပြီး ကြယ်ပွင့်ကစားသမားဟာ ကလပ်မှာ စိတ်မဝင်စားမှုမရှိတော့ကြောင်း ကောလာဟလများ စတင် ကြီးထွားလာခဲ့ပါတယ်။

 

သို့သော်လည်း ဆွေးနွေးမှုများ ရပ်တန့်သွားပြီးနောက် ရက်သတ္တပတ်အနည်းငယ်အကြာတွင် တောင်ပံကစားသမားဟာ လီဗာပူးနှင့် ၃ နှစ် သက်တမ်းရှိစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်းမှုများနှင့်ပတ်သက်ပြီး အဘတ်စ်က "တောင်းဆိုချက်တွေကို စတင်လုပ်ဆောင်ပြီး တောင်းဆိုထားတဲ့ တစ်စုံတစ်ရာကို မရတဲ့အခါ လမ်းခွဲဖို့ စတင်စဉ်းစားဖို့ လိုပါတယ်" လို့ ပြောပါတယ်။

 

ဆွေးနွေးမှုများ ပိုကြာလာတာနဲ့အမျှ အီဂျစ်နိုင်ငံသားက “စေ့စပ်ညှိနှိုင်းမှုတွေအပေါ် ကျွန်တော် အပြုသဘောဆောင်ခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့လိုချင်တာမှန်သမျှကို အသင်းက သဘောမတူဘူးလို့ ရမ်မီက ပြောတဲ့အတွက် ကွဲပြားတာကို ကျွန်တော်မြင်နေပါတယ်"

 

"ကလပ်က ကျွန်တော့်ကို ဆက်နေစေချင်သလို ကျွန်တော်လည်း ဆက်နေချင်တယ်လို့ ခံစားရတယ်၊ ဒါပေမယ့် စာချုပ်ချုပ်ဖို့က ခက်ခဲပါတယ်" လို့ ပြောပါတယ်။ စေ့စပ်ညှိနှိုင်းမှုများကို အသေးစိတ်ဖော်ပြခြင်းအပြင် အဘတ်စ်ဟာ လီဗာပူးအား နောက်ဆုံး ကမ်းလှမ်းမှုအတွက် ဆွေးနွေးထားပါတယ်။

 

အဘတ်စ် ဒူဘိုင်းတွင်ရှိနေစဉ် ဆာလက်ဟာ အယ်လ်ဂိုနာတွင် အားလပ်ရက်အဖြစ်ရှိနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပါတယ်။ တန်ပြန်ကမ်းလှမ်းမှုနှင့်ပတ်သက်၍ ပြောကြားရာတွင် အဘတ်စ်က "ကျွန်တော်တို့က အဝေးကြီးမှာရှိပါသေးတယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့အရာနဲ့ သူတို့ပေးချင်တဲ့အရာက ၅ % ကွာခြားနေတာကြောင့် မိုဟာမက်က သူ့ရဲ့စာချုပ်ကို စွန့်လွှတ်မှာမဟုတ်ပါဘူး၊ အဲဒါထက် အများကြီးပိုပါတယ်" လို့ ပြောပါတယ်။

 

"အကယ်၍ ကျွန်တော်တို့လိုချင်တဲ့ လစာကို လီဗာပူးက သဘောတူနိုင်ဖို့ နည်းလမ်းရှာပြီး မိုဟာမက်ဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ခြေစွမ်းများအတိုင်း စွမ်းဆောင်နိုင်ပါက လာမယ့်နှစ်အနည်းငယ်အတွင်းမှာ သူ့ရဲ့အသင်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်နှင့် သူ့ရဲ့အသုံးပြုခွင့်စာချုပ်တွေကနေ တစ်နှစ်ကို ယူရို ၅၄ သန်း (ပေါင် ၄၆.၈ သန်း) နဲ့ ယူရို ၆၂ သန်း (ပေါင် ၅၃.၈ သန်း) ကြား ရှိနေဖို့ရှိပါတယ်" လို့ အဘတ်စ်က ပြောပါတယ်။

 

စာချုပ်သက်တမ်းတိုးမှုမတိုင်မီ အသက် ၃၁ နှစ်အရွယ်ကစားသမားက "လီဗာပူးမှာ သက်တမ်းတိုးတာဟာ ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံး မှတ်တိုင်တစ်ခုပါပဲ။ ဒါပေမယ့် အဲ့ဒါကို မှန်ကန်တဲ့ နည်းလမ်းနဲ့ လုပ်ရမယ်။ အောင်မြင်ချင်တယ်ရင် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာရော ကိုယ့်ကိုယ်ကိုပါ ရင်းနှီးမြုပ်နှံဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံး သင်ယူခဲ့ပါတယ်"

 

"အဲဒါက ကွင်းထဲမှာသာမက ကွင်းပြင်ပမှာလည်း မှန်ပါတယ်။ စိတ်ခံစားချက်တွေကို ထိန်းချုပ်ပြီး ဖိအားတွေအတွက် အဆင်သင့်ဖြစ်ရမှာပါ" လို့ ပြောပါတယ်။ စာချုပ်နဲ့ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရသေးသော်လည်း အဘတ်စ်ရဲ့ တောင်းဆိုချက်များကို လီဗာပူးက သဘောတူခဲ့တယ်လို့ ယူဆရပါတယ်။ ဆာလက်ကို မည်မျှပေးချေရသည်ကို မသိရသေးသော်လည်း အခြားစာချုပ်တွေကနေ များစွာရရှိနေတယ်လို့ သတင်းအရင်းမြစ်များက ဖော်ပြထားပါတယ်။