The network connection is lost.

Banner Image

ယူရိုရှုံးထွက်ပွဲစဉ်မတိုင်ခင် သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်ကို ထုတ်ပြောလာတဲ့ ဆာကာ

ဘူကာယိုဆာကာက သူ့ရဲ့ကစားသမားဘဝမှာ အခက်ခဲဆုံးစိန်ခေါ်မှုပေးနိုင်တဲ့ ကစားသမားအကြောင်း ထုတ်ပြောလာခဲ့ပါတယ်။ ၂၂နှစ်သားဟာ ၂၀၁၈ခုနှစ်မှာ ပွဲထွက်ခဲ့ပြီးနောက် အာဆင်နယ်နဲ့ အင်္ဂလန်အသင်းအတွက် အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ဆာကာဟာ ကနဦးမှာ ဒဏ်ရာပြဿနာရှိနေတဲ့ အာဆင်နယ်ခံစစ်အတွက် ဘယ်နောက်ခံလူအဖြစ် ကစားပေးခဲ့ရပါတယ်။ ဒါပေမယ့် တောင်ပံတိုက်စစ်ကစားသမားအဖြစ် အခွင့်အရေးရလာချိန်မှာ ဆာကာက သူ့ရဲ့စွမ်းဆောင်ရည်တွေကို ပြသပြီး အဓိကတောင်ပံလူအဖြစ် အခိုင်အမာ ရပ်တည်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၃၅ပွဲကစားရာမှာ ဆာကာက ၁၆ဂိုး သွင်းနိုင်ခဲ့ပြီး ၉ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဆာကာက သူ့ရဲ့ကစားသမားဘ၀ အခက်ခဲဆုံးပြိုင်ဘက်အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ဆာကာက "အခက်ခဲဆုံးကတော့ ကိုင်လီဝေါ်လ်ကာဖြစ်ပါတယ်။ တောင်ပံကစားသမားအများစုကို သွားမေးရင်လည်း ဝေါ်လ်ကာလို့ပဲ ဖြေကြမှာပါ။ သူနဲ့ရင်ဆိုင်ရတာက အရမ်းကို ခက်ခဲပါတယ်။ ဒါပေမယ့် အခုတော့ သူနဲ့ကျွန်တော် တွဲကစားနိုင်ပြီဖြစ်လို့ ခံစစ်အတွက် ယုံကြည်မှုအပြည့်နဲ့ကစားနိင်ပါတယ်။ သူ့လိုမျိုး ခံစစ်အတွက် တောင့်တင်းတဲ့ ကစားသမားမျိုး ပိုင်ဆိုင်ထားလို့ ကျွန်တော် တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားလို့ရပါပြီ"လို့ ပြောခဲ့ပါတယ်။