The network connection is lost.

Banner Image

သုံးပွဲဆက် အနိုင်ရခဲ့သော်လည်း ဗင်နီစီးယက်စ်ရဲ့ သတင်းဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်း

ဆဲလ်တာဗီဂိုကို ၁-၀ ဖြင့်အနိုင်ရပြီးနောက် အန်ဆယ်လော့တီ၏ ရီးရဲလ်မက်ဒရစ်အသင်းအတွက် စိုးရိမ်စရာ သတင်းဆိုးတစ်ခုရရှိခဲ့ပါတယ်။ ၎င်းတို့ရဲ့တောင်ပံကစားသမားဖြစ်တဲ့ ဗင်နီစီးယပ်စ်ဟာ စိုးရိမ်ရတဲ့ ပေါင်ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူရတော့မှာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ ဗင်နီစီးယက်စ်ဟာ ဒဏ်ရာရရှိသွားခဲ့ပြီး မူလက ဆက်လက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် ၁၈ မိနစ်အကြာမှာတော့ လူစားလဲပြီး ကွင်းအတွင်းမှ ထွက်ခွာခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ဗင်နီစီးယက်စ်ဟာ ဆက်လက်ကစားနိုင်မှာမဟုတ်တော့ပဲ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဒဏ်ရာရလူစာရင်းတွင်ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။

စပိန်မီဒီယာများရဲ့ ဖော်ပြချက်အရ ၎င်းဟာဒဏ်ရာကြောင့် တစ်လလောက် အနားယူရဖွယ်ရှိနေပြီး ယနေ့မှာ ၎င်းရဲ့ဒဏ်ရာကို စကင်န်ဖတ်ဖို့ ရှိကြောင်းသိရပါတယ်။ အန်ဆယ်လော့တီက ဗင်နီစီးယက်စ်ရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ်လို့ မထင်ထားတာကြောင့် တောင်ပံကစားသမားက အစပိုင်းမှာ ပြန်ကစားဖို့ ကြိုးစားခဲ့တာကို ထောက်ခံနိုင်တယ်လို့ ပြောပါတယ်။

သို့သော်လည်း ဘရာဇီးလက်ရွေးစင်သည် ယခုအခါ ရက်သတ္တပတ်များစွာ အနားယူဖွယ်ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှ ထုတ်ပြန်ချက်တစ်ခုတွင် "ဗင်နီစီးယက်စ်အား ရီးရဲလ်မက်ဒရစ်ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများမှ စမ်းသပ်မှုများပြုလုပ်ပြီးနောက် ကစားသမားသည် ညာဘက် ပေါင် ကြွက်သားဒဏ်ရာရရှိထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။ ၎င်း၏တိုးတက်မှုကို စောင့်ကြည့်သွားမည်ဖြစ်သည်"လို့ ဖော်ပြခဲ့ပါတယ်။

ဗင်နီစီးယက်စ်ဟာ လာလီဂါပွဲစဉ်တွေဖြစ်တဲ့ ဂီတာဖေး၊ ဆိုစီဒက်နှင့် အက်သလက်တီကိုမက်ဒရစ်တို့နှင့် ကစားရမည့် ပွဲစဉ်များအပြင် ပထမဆုံး ချန်ပီယံလိဂ်ပွဲကိုလည်း လွဲချော်မှာဖြစ်ပါတယ်။ ထို့ပြင် စက်တင်ဘာလတွင် ကျင်းပမည့် နိုင်ငံတကာ ပွဲစဉ်အတွက် ဘရာဇီးလ်အသင်းတွင်လည်း ပါဝင်နိုင်ဖို့ မရှိသေးကြောင်းသိရပါတယ်။