
ဘာစီလိုနာလူငယ်ကြယ်ပွင့် ယာမယ်လ်ရဲ့ခြေစွမ်းအပေါ် အံ့အားသင့်နေတဲ့ ဆာကာ
အာဆင်နယ်ကြယ်ပွင့် ဘူကာယိုဆာကာက ဘာစီလိုနာအသင်းရဲ့ ၁၇ နှစ်အရွယ် ကစားသမား လမိုင်းယာမယ်လ်အပေါ် အထူးတလည် အံ့အားသင့်နေပြီး သူ့ရဲ့ခြေစွမ်းက ပုံမှန်မဟုတ်ဘူး လို့ ပြောကြားခဲ့ပါတယ်။ ဆာကာက အသက်မပြည့်သေးတဲ့ ယာမာလ်ရဲ့စွမ်းဆောင်ရည်တွေအပေါ် အံ့အားသင့်နေတာဖြစ်ပါတယ်။
နွေရာသီမှာ ၁၈ နှစ်ပြည့်မယ့် ဘာစီလိုနာတိုက်စစ်ကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ဥရောပပွဲတွေမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပြီး အခုဆိုရင် အသင်းအတွက် ပွဲ (၁၀၀) ပြည့်မြောက်အောင် ကစားပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
Sky Sportsနဲ့ အင်တာဗျူးမှာ ဆာကာက အသက်ငယ်ငယ်နဲ့ ခြေစွမ်းပြနေတဲ့ စပိန်ကစားသမားလေးအပေါ် ချီးကျူးပြောဆိုခဲ့ပါတယ်။ဆာကာက "သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ။ တကယ်ပြောရရင် သူ့အရွယ်နဲ့ ဒီလိုစွမ်းဆောင်ရည်တွေပြသနေတာက ဘာပြောရမှန်းတောင်မသိတော့ဘူး။ သူ့ခြေစွမ်းက ပုံမှန်မဟုတ်ဘူး။ ဘယ်သူမှဒီလိုမလုပ်နိုင်ဘူး။ ၁၇ နှစ်အရွယ် ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းက ဒီလောက်ထိမြင့်မားတာ ကျွန်တော်မမြင်ဖူးသေးဘူး။ သူ့ကိုအရမ်းလေးစားပါတယ်" လို့ ပြောပါတယ်။
ဆာကာရဲ့မှတ်ချက်စကားတွေဟာ ဘာစီလိုနာအသင်းနဲ့ အင်တာမီလန်တို့ရဲ့ ယာမယ်လ်ဟာ အသက်၁၇နှစ်အရွယ်မှာ ပွဲ ၁၀၀ ကစားပြီး ၄၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဒီနှစ်ရာသီ ချန်ပီယံလိဂ်ဖိုင်နယ်မှာ အာဆင်နယ်နဲ့ ဘာစီလိုနာတို့ တွေ့ဆုံဖို့ အခွင့်အရေးရှိနေပြီး ၂၀၀၆ ခုနှစ်ကလိုမျိုး ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်လာနိုင်ပါတယ်။