The network connection is lost.

Banner Image

အသင်းရဲ့အပြောင်းအရွှေ့အခြေအနေနဲ့ပတ်သက်ပြီး ကစားသမားတွေကို သတိပေးစကားဆိုလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ရာသီကုန် နွေရာသီအပြောင်းအရွှေ့ကာလမှာ အပြောင်းအရွှေ့လုပ်ငန်းတွေလုပ်ဆောင်သွားဖို့ရှိကြောင်း အသင်းရဲ့ကစားသမားတွေကို သတိပေးစကားဆိုလာခဲ့ပါတယ်။ ပေါ်တူဂီသားနည်းပြက သူ့အနေနဲ့ ကစားသမားတွေရဲ့အနာဂတ်တွေနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပဲ အသိပေးသွားမှာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာမှာရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ကစားသမားသစ်တွေခေါ်ယူနိုင်ဖို့လည်း ဘဏ္ဍာရေးအခြေအနေအရ ရုန်းကန်သွားရဦးမှာဖြစ်ပြီး ကစားသမားသစ်မခေါ်ယူခင် အသင်းမှ ကစားသမားတွေကိုရောင်းချဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 

အာမိုရင်က “ရာသီကုန်မှာ ကစားသမားအပြောင်းအရွှေ့အကြောင်းတွေ ပြောသွားရပါမယ်။ ဒါပေမယ့် ဒီအကြောင်းတွေပြောရတာ ခက်တော့မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘောလုံးအကြောင်းကို လူတိုင်းနားလည်ပါတယ်။ တစ်ခါတစ်ရံ အသင်းမှာဆက်နေလို့ရပေမယ့် တစ်ခါတစ်ရံမှာတော့ ထွက်ခွာပြီးရှေ့ဆက်သွားနိုင်ဖို့လိုပါတယ်”

“အသင်းရဲ့အခြေအနေကို ကစားသမားတွေသိအောင်ရှင်းပြဖို့က လွယ်ပါတယ်။ အငြင်းအခုန်လုပ်စရာမလိုဘဲ ရှင်းပြနိုင်မယ်လို့ထင်ပါတယ်။ ကျွန်တော်ကစားသမားဘဝတုန်းကလည်း ဘာပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်းလုပ်တာပဲ ကြိုက်ပါတယ်။ ဒီအတွေ့အကြုံတွေကို ကျွန်တော်အသုံးပြုဖို့ကြိုးစားသွားပါမယ်။ လူတစ်ယောက်ကို ရိုးရိုးသားသားဆက်ဆံမယ်ဆိုရင် သူလည်းခင်ဗျားကို လက်ခံမှာပါ။ အစပိုင်းမှာခက်ခဲပေမယ့် သူတို့နားလည်လာပါလိမ့်မယ်။ ဒါကြောင့် ကစားသမားတွေကို ရိုးရိုးသားသားပဲ ပြောဆိုဆက်ဆံသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။