The network connection is lost.

Banner Image

မက်ဂွါရီအနေနဲ့ တူချယ်လ်ရဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရသင့်တယ်လို့ အာမိုရင် အခိုင်အမာပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့ဝါရင့်နောက်ခံလူ ဟယ်ရီမက်ဂွါရီအနေနဲ့ သောမတ်စ်တူချယ်လ်ဦးဆောင်နေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရသင့်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးမှ လျှော့ချခံခဲ့ရတဲ့ မက်ဂွါရီဟာ ပြီးခဲ့တဲ့ရာသီအချို့မှာလည်း အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာ နည်းပြအာမိုရင်ရဲ့ အားထားရတဲ့နောက်ခံလူတစ်ယောက်ဖြစ်နေပြီး ပြီးခဲ့တဲ့ အစ်ဆွစ်ချ်နဲ့ပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဝါရင့်ဗဟိုခံစစ်မှူးဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ယူရိုဖိုင်နယ်တွေအထိ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပေမယ့် ပြီးခဲ့တဲ့နွေရာသီက ယူရိုပြိုင်ပွဲကိုတော့ ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပါတယ်။ မက်ဂွါရီဟာ အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၆၃ ပွဲအထိ ပါဝင်ကစားခွင့်ရထားသူလည်းဖြစ်ပါတယ်။ 

ယခုအခါမှာ အာမိုရင်က “တကယ်လို့ အင်္ဂလန်အသင်းမှာ မက်ဂွါရီသာရွေးချယ်ခံရမယ်ဆို ကျွန်တော်သူ့အတွက် အရမ်းပျော်မှာပါ။ သူက အင်္ဂလန်အသင်းအတွက် ထိုက်တန်တယ်လို့လည်းထင်ပါတယ်။ သူက လူကောင်းတစ်ယောက်ဖြစ်ပြီး အမြဲတမ်းလည်း တိုးတက်နေတဲ့ကစားသမားတစ်ယောက်ပါ။ အခုသူက အသင်းမှာလည်း ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ အင်္ဂလန်အတွက်လည်း အကူအညီကောင်ကောင်းပေးနိုင်မှာပါ။ လာမယ့်အင်္ဂလန်နဲ့ပွဲမှာ သူပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်မှာ သူ့ရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဘရူနိုဖာနန်ဒက်စ်ထံ လွှဲပြောင်းပေးခဲ့ရပေမယ့် အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရထားရဆဲဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။