The network connection is lost.

Banner Image

ကစားသမားတစ်ယောက်အသာနဲ့ ချဲလ်ဆီးကိုမနိုင်ပါက အာမိုရင်အတွက် ဖိအားတွေပိုတိုးနိုင်တယ်လို့ ပြောကြားလာတဲ့ ရွန်းနီ

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီက အသင်းအနေနဲ့ ကစားသမားတစ်ယောက်အသာနဲ့ ချဲလ်ဆီးကို အနိုင်မရခဲ့ပါက နည်းပြရူဘင်အာမိုရင်အတွက် ဖိအားတွေပိုတိုးလာနိုင်တာကြောင့် ရော်ဘတ်ဆန်းချက်ဇ်အထုတ်ခံလိုက်ရချိန်မှာ သူ့အနေနဲ့ စိုးရိမ်စိတ်တွေဖြစ်ပေါ်ခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

သို့သော်လည်း ယူနိုက်တက်ကတော့ တစ်ယောက်လျော့ချဲလ်ဆီးကို ပထမပိုင်းအတွင်းမှာပဲ ဦးဆောင်ဂိုး ၂ ဂိုးသွင်းယူခဲ့ပြီး ၂-၁ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရွန်းနီက "ယူနိုက်တက်က ကစားသမား ၁၁ ယောက်ချင်းယှဉ်ပြိုင်ရချိန်မှာ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပြီး ချဲလ်ဆီးကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဘက်က ကစားသမား ၁ ယောက်ထုတ်ခံလိုက်ရတော့ ကျွန်တော် စိတ်ပူမိသွားပါတယ်။ ကျွန်တော့်စိတ်ထဲမှာ ကစားသမား ၁၀ ယောက်နဲ့ချဲလ်ဆီးကို ယူနိုက်တက်က ရှုံးသွားနိုင်တယ်လို့ တွေးမိခဲ့လို့ပါ"

"တကယ်လို့ ရှုံးသွားခဲ့မယ်ဆိုရင် မန်နေဂျာအပေါ် ဒီထက်ပိုပြီး ဖိအားတွေအရမ်းများလာမှာပါ။ ဒါပေမယ့် သူတို့ ပထမပိုင်းအတွင်း ပွဲကိုအကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပြီး သွင်းဂိုးတွေလည်းရရှိခဲ့ပါတယ်။ ကတ်စ်မဲရိုးအနီကတ်ပြသခဲ့ရတာကတော့ သူ့ရဲ့အမှားကြောင့်ပါပဲ။ သူ့ရဲ့နုံချာမှုကြောင့် ဒီလိုအနီကတ်ပြခံခဲ့ရတာပါ"

"ကျွန်တော် အဲဒီပွဲကို ဘီဘီစီစတူဒီယိုမှာ ဒန်နီမာဖီနဲ့ အတူတူကြည့်နေခဲ့တာပါ။ သူ အနီကတ်ပြခံရမယ်ဆိုတာ ကျွန်တော်ခန့်မှန်းမိပါတယ်။ ဒီလိုပွဲမျိုးမှာ တစ်ခုခုအမှားတာနဲ့ ပြန်ပေးဆပ်ရမှာ သဘာဝပါပဲ" လို့ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်အိမ်ကွင်း ၂ ပွဲဆက်အနိုင်ရခဲ့တဲ့ ယူနိုက်တက်ဟာ လာမယ့်စနေနေ့မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။