The network connection is lost.

Banner Image

အသင်းဖော်တွေကြားမှာ အချင်းများမှုတွေရှိလာတဲ့ ရီးရဲလ်မက်ဒရစ်

သတင်းတွေအရ ရီးရဲလ်အသင်းဖော်တွေဖြစ်တဲ့ ရိုဒရီဂို ၊ ဘာပေ နဲ့ ဘယ်လင်ဟမ်တို့ကြားမှာ အချင်းများမှုတွေရှိလာတယ်လို့ သိရပါတယ်။ မာကာသတင်းဌာနရဲ့အဆိုအရ ရိုဒရီဂိုဟာ တိုက်စစ်မှာကစားဖို့ ငြင်းဆန်ထားပြီး အချင်းများမှုတွေရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၄ နှစ်သားဟာ ဘာစီလိုနာကို ၄-၃ နဲ့အရေးနိမ့်ခဲ့တဲ့ အယ်လ်ကလက်ဆီကိုပွဲမှာ မပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဘရာဇီးသားဟာ သူ့ရဲ့အိမ်မှာပဲရှိနေခဲ့ပြီး အခုချိန်မှာတော့ နွေရာသီမှာ ရီးရဲလ်ကနေထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နောက်ထပ်သတင်းတွေအရ ရိုဒရီဂို နဲ့ အသင်းဖော်တွေဖြစ်တဲ့ ဘယ်လင်ဟမ် ၊ ဘာပေတို့ကြားမှာ အချင်းများမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ရိုဒရီဂိုရဲ့နိုင်ငံအသင်းဖော် ဗင်နီကလည်း အသင်းဖော်တွေရဲ့အာရုံစိုက်မှုနဲ့ပတ်သက်ပြီး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ အချင်းများမှုတွေဟာ အလျင်အမြန်ပြီးဆုံးဖွယ်မရှိပဲ အန်ဆယ်လော့တီကလည်း ရာသီအကုန်မှာ အသင်းကနေထွက်ခွာတော့မှာဖြစ်ပါတယ်။ အန်ဆယ်လော့တီနေရာကို အလွန်ဆိုက အစားဝင်မှာဖြစ်ပြီး အခြေအနေတွေကို ကိုင်တွယ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဘရာဇီးသားဟာ ၂၀၁၉ ဆန်းတို့စ်ကနေ ရီးရဲလ်အသင်းထံပြောင်းလာပြီးကတည်းက ပွဲပေါင်း ၂၅၀ ကျော်ပါဝင်ကစားခဲ့ပြီး လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားတွေရယူထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေက ရိုဒရီဂိုကို စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေကာ ရီးရဲလ်နဲ့စာချုပ်သက်တမ်းက ၂၀၂၈ အထိ ကျန်ရှိနေပါတယ်။