ချဲလ်ဆီးမှာ သူ့ရဲ့အနာဂတ် ဘယ်လိုရှိသလဲဆိုတာ ထုတ်ဖော်ပြောပြလာတဲ့ ရောဘတ်ဆန်းချက်ဇ်
ရောဘတ်ဆန်းချက်ဇ်က ချဲလ်ဆီးမှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်စရာအချို့ရှိလာပြီလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။
လတ်တလောမှာ ချဲလ်ဆီးက ဗီလာရီးရဲလ်ဂိုးသမားဂျော်ဂန်ဆန်ကို ခေါ်ယူဖို့ နီးစပ်နေလို့ ရောဘတ်ဆန်းချက်ဇ်အတွက် ပွဲထွက်ခွင့်ရရှိရေး မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ယူရို ၂၄ ဒဿမ ၅သန်းတန်ပြောင်းရွှေ့ကြေးတစ်ရပ်ကို နှစ်ဖက်ကလပ်အသင်းတွေအကြား သဘောတူညီမှု ရရှိပြီးနောက် ဒိန်းမတ်ဂိုးသမားက လာမယ့်ရက်ပိုင်းအတွင်း လန်ဒန်မြို့မှာ ဆေးစစ်မှုခံယူသွားဖို့ ရှိနေပါတယ်။
အသက်-၂၆ နှစ်အရွယ် ဘရိုက်တန်ဂိုးသမားဟောင်း ဆန်းချက်ဇ်က “ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မသိရသေးပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော် အပြင်းအထန်လေ့ကျင့်နေပါတယ်။
နောက်ထပ်ဂိုးသမားသစ်တစ်ဦးလား? အသင်းဆီ ကျွန်တော် ဘာတွေယူဆောင်လာပေးနိုင်သလဲဆိုတာနဲ့ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာ ကျွန်တော်ကိုယ်တိုင်သိပါတယ်။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် အကောင်းမြင်စိတ်ပဲ ထားပါတယ်”လို့ ပြောပါတယ်။