The network connection is lost.

Banner Image

မက်ဒရစ်ဒါဘီပွဲသရေကျခဲ့တဲ့ ပထမပိုင်းအပြီးမှာ ရီးရဲလ်စတားတွေကို ဒေါသထွက်ခဲ့တဲ့ အန်ဆယ်လော့တီ

စနေနေ့က တီကိုအသင်းကို သရေကျခဲ့တဲ့ မက်ဒရစ်ဒါဘီပထမပိုင်းအပြီးမှာ  ရီးရဲလ်စတားတွေရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အန်ဆယ်လော့တီတစ်ယောက် ဒေါသထွက်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ပထမပိုင်းမှာ တီကိုအသင်းကို အယ်လ်ဗာရက်ဇ်ရဲ့ပင်နယ်တီနဲ့အရေးနိမ့်နေခဲ့ကာ  ဒုတိယပိုင်းစတင်ပြီး ၅ မိနစ်အကြာမှာ ဘာပေက ချေပဂိုးပြန်သွင်းယူနိုင်ခဲ့ပါတယ်။

မက်ဒရစ်ဒါဘီက ၁-၁ နဲ့သရေကျခဲ့ပေမယ့် ရီးရဲလ်အသင်းဟာ တီကိုအသင်းကို ဆက်လက်ဦးဆောင်နိုင်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ၂ သင်းကြားရမှတ်ကွာခြားမှုက ၁ မှတ်သာရှိနေတာဖြစ်ပါတယ်။ တီကိုအသင်းနဲ့ပွဲမှာ နောက်ကနေပြန်လိုက်ကစားနိုင်ခဲ့ပေမယ့် အင်္ဂါနေ့မှာ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ခြေစစ်ပွဲအဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

မက်ဒရစ်ဒါဘီပထမပိုင်းမှာ ဘယ်လင်ဟမ် ၊ ဘာပေ နဲ့ ဗင်နီတို့ကြား လုပ်ခလစာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မာကာသတင်းဌာနကတော့ အန်ဆယ်လော့တီဟာ တပည့်ဖြစ်သူတွေကို ပွဲရလဒ်မပြောင်းနိုင်ရင် လူစားလဲမယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ စပိန်သားက ဗင်နီဆီးယက်စ်ကို ဘယ်ခြမ်းကနေ တိုက်စစ်နေရာကို ဆွဲဝင်နေတာနဲ့ပတ်သက်ပြီး ရပ်တန့်ဖို့ သတိပေးခဲ့ပါတယ်။

ဘာပေ နဲ့ ဘယ်လင်ဟမ်တို့ကြားမှာလည်း ပြဿနာတက်ခဲ့သေးတာဖြစ်ပြီး မာကာသတင်းဌာနကတော့ ကစားသမားတွေဟာ အန်ဆယ်လော့တီရဲ့အကြံပေးချက်ကို ချက်ချင်းတုံ့ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ အခုရလဒ်ထက်ပိုထိုက်တန်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ပထမပိုင်းကနဲ့ လုံးဝခြားနားခဲ့ပါတယ်။ နှေးကွေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတဲ့ခံစားချက်တွေထွက်လာခဲ့ပါတယ်။

ပင်နယ်တီက အသင်းအပေါ်အကျိုးသက်ရောက်ခဲ့ပေမယ့် ကျွန်တော်တို့ အဲ့မတိုင်ခင်ကတည်းက နှေးကွေးစွာစတင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပြီး ဗင်နီ နဲ့ ရိုဒရီဂိုတို့ ဧရိယာပြင်ပကနေ အခွင့်အရေးကောင်းတွေဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့တာနီးစပ်ခဲ့သလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်ခဲ့ပါတယ်။ ကျွန်တော်ပြောခဲ့သလို သရေပွဲဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ ပိုကောင်းခဲ့ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။

လာမယ့်ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ရီးရဲလ်အသင်းဟာ မန်စီးတီးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သူတို့ ၂ သင်းကြား ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့သေးတာဖြစ်ပြီး စီးတီးကို ပင်နယ်တီနဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။