The network connection is lost.

Banner Image

ဘယ်လင်ဟမ်ရဲ့ ၂ ပွဲပယ်ပြစ်ဒဏ်အတွက် နောက်ထပ်အယူခံဝင်မယ့် ရီးရဲလ်မက်ဒရစ်

ဗလန်စီယာနှင့်ပွဲက ဘယ်လင်ဟမ်ရဲ့ အနီကဒ်ပြသခြင်းခံရမှုကြောင့် ၂ ပွဲပယ် ပြစ်ဒဏ်အတွက် ရီးရဲလ်မက်ဒရစ်ရဲ့ အယူခံဝင်ရောက်မှုကို စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့အယူခံကော်မတီက ဒီနေ့အစောပိုင်းမှာပဲ ပယ်ချလိုက်ပါတယ်။ ပွဲအပြီးနောက် မကြာခင်မှာပဲ ရီးရဲလ်မက်ဒရစ်ဟာ အနီကဒ်အတွက် အယူခံဝင်ရောက်ခဲ့သော်လည်း ပြိုင်ပွဲကော်မတီက သဘောမတူညီခဲ့ဘဲ ၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

အသင်းက နောက်ထပ်အယူခံဝင်ရောက်ခဲ့သော်လည်း အလားတူပုံစံမျိုးနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
ဒါကြောင့် ဘယ်လင်ဟမ်ဟာ လာမယ့်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဆယ်လ်တာဗီဂို၊ အိုဆာဆူနာတို့နှင့် ကစားမယ့်ပွဲတွေကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

သို့သော်လည်း ရီးရဲလ်မက်ဒရစ်ဟာ လက်မလျော့သေးဘဲ ဘယ်လင်ဟမ်အတွက် နောက်ထပ်အယူခံဝင်ရောက်ဖို့လုပ်ဆောင်မှာဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ အားကစားဆိုင်ရာခုံရုံးသို့ ဖြစ်ကြောင်း ဂျာနယ်လစ် ကားလို့စ် ရိုဒရီဂွက်ဇ်က ပြောကြားလိုက်ပါတယ်။

ဗလန်စီယာနှင့် ပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်အပေါ် ရီးရဲလ်မက်ဒရစ်က ကျေနပ်ခြင်းမရှိခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်ကိုယ်တိုင်ကလည်း ပွဲအပြီးမှာ အံ့အားသင့်ဖွယ် အနီကဒ်ပြသခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပွဲပယ်မှုအတွက် ရီးရဲလ်မက်ဒရစ်ဟာ နောက်ထပ်လုပ်ဆောင်မှာမဟုတ်ဘဲ အားကစားဆိုင်ရာခုံရုံးသို့ ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

ဒါပေမဲ့ အားကစားဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်က အချိန်မီရောက်လာမှာ မဟုတ်တာကြောင့် ဘယ်လင်ဟမ်ဟာ ဆယ်လ်တာဗီဂိုနှင့် အိုဆာဆူနာ ၂ ပွဲစလုံးကို လွဲချော်မှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အနေနဲ့ ဆုံးဖြတ်ချက်မရောက်လာမီ ဆိုင်းငံ့ထားရန်အတွက် တောင်းဆိုနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လီဝန်ဒေါ့စကီးအတွက် ဘာစီလိုနာအသုံးပြုခဲ့တဲ့ နည်းဗျူဟာတစ်ခုလည်းဖြစ်ပါတယ်။