
အန်ဆယ်လော့တီနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ရီးရဲလ်မက်ဒရစ်စတား
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါဆုဖလားအတွက် ယှဉ်ပြိုင်နေဆဲဖြစ်ပြီး ယခုရက်သတ္တပတ်တွင် မန်စီးတီးနှင့် ကစားမယ့် ချန်ပီယံလိဂ်ပလေးအော့ဖ် ဒုတိယအကျော့အတွက် အားသာချက်ရှိနေပါတယ်။ သို့သော်လည်း လက်ရှိစပိန်နှင့် ဥရောပချန်ပီယံဟာ ယခင်ရာသီနှင့် နှိုင်းယှဉ်ပါက ယခုရာသီတွင် ပိုမိုရုန်းကန်ခဲ့ရပါတယ်။ ထိုကဲ့သို့ကျဆင်းမှုက အန်ဆယ်လော့တီ ကို ပုံမှန်မဟုတ်တဲ့ စိတ်ပျက်စရာဖြစ်စေဖို့ ဖိအားပေးသလိုဖြစ်ခဲ့ပြီး ထိုအကြောင်းအရာတွေက ရီးရဲလ်မက်ဒရစ်ရဲ့ အဝတ်လဲခန်းသို့ပါ ရောက်ရှိလာခဲ့ပါတယ်။
"ကျွန်တော့်က ကွန်တီလို နည်းပြတွေ ရှိခဲ့လက်တွဲခဲ့ဖူးပါတယ် သူက ရူးသွပ်သလို အော်တတ်ပါတယ်" လို့ ကော်တိုရစ်က ဖာဒီနန်ရဲ့ podcast ဖြစ်တဲ့ Rio Ferdinand Presents တွင် ပြောကြားခဲ့ပါတယ်။ "ဒါက လူတွေရဲ့ စရိုက်ပါ။ ဇီဒန်းက ပိုတည်ငြိမ်တယ်လို့ ကျွန်တော်ပါထင်တယ်။ အန်ဆယ်လော့တီကလည်း ပိုတည်ငြိမ်ပါတယ်။ တကယ့်ကို ဒီနှစ်မှာ အကြိမ်အနည်းငယ် ဖြစ်ခဲ့ပါတယ်"
"ဒါပေမယ့် ကျွန်တော်က ဒါကို ကြိုက်ပါတယ် ဘာလို့လဲဆိုတော့ တည်ငြိမ်မှုနဲ့ မှန်ကန်သင့်လျော်တဲ့အချိန်မှာ ဆိုးတာကို ဟန်ချက်ညီအောင် လုပ်ရတာကို ကြိုက်ပါတယ်။ အဲ့လိုဆိုရင် စကားလုံးတွေက သက်ရောက်မှုရှိပါတယ်" လို့ ကော်တိုရစ်က ပြောပါတယ်။ အန်ဆယ်လော့တီဟာ မကြာသေးမီက မက်ဒရစ်ဒါဘီရဲ့ ပထမပိုင်းပြီးချိန်တွင် သူ့ကစားသမားတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ အသင်းက ၁-၀ ဂိုးဖြင့်ရှုံးနိမ့်နေစဉ် အမ်ဘာပေ၊ ဘယ်လင်ဂမ်၊ ဗီနီဆီးယက်စ်နှင့် ရိုဒရီဂို တို့ပါဝင်တဲ့ တိုက်စစ်အင်အားကို အထူးသဖြင့် ပြောကြားခဲ့ပါတယ်။ ထိုကစားသမားတွေက ဂိုးပေါက်သို့ ကန်ချက်တစ်ချက်မှ မရှိခဲ့ပါဘူး။ Marca ရဲ့ ဖော်ပြချက်အရ အန်ဆယ်လော့တီ က "ငါတို့ ပြင်ဆင်ထားတာကို လုပ်ပါမယ် ဒါမှမဟုတ် ချက်ချင်းပြောင်းလဲမှုတွေ ရှိလာပါမယ်" လို့ ပြောကြားခဲ့ပါတယ်။
ကော်တိုရစ်ရဲ့ ပါဝင်မှုက ရီးရဲလ်မက်ဒရစ်ရဲ့ ကံကြမ္မာနှင့် အန်ဆယ်လော့တီအတွက် ကြီးမားတဲ့ သက်ရောက်မှုရှိနိုင်ပါတယ်။ဘယ်လ်ဂျီယံနိုင်ငံသား ဂိုးသမားဟာ အောက်တိုဘာလ ဘာစီလိုနားအား ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် ပါဝင်ခြင်းမရှိဘဲ လိုင်လီနှင့် အေစီမီလန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်များတွင် ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။
အန်ဆယ်လော့တီက မန်စီးတီး နှင့် ကစားမယ့် ဒုတိယအကျော့တွင် ဂိုးသမားနေရာတွင် ကော်တွိုက်စ် ကို ထည့်သွင်းနိုင်ရုံသာမက ဒဏ်ရာရရှိနေတဲ့ အလာဘာ၊ ရူဒီဂါ နှင့် ဗက်စ်ကွက်ဇ်တို့ ပြန်ကောင်းလာဖို့အတွက် မျှော်လင့်နေပါတယ်။