ယူအီးအက်ဖ်အေရဲ့ အဆင့်သတ်မှတ်ချက်တွင် မန်စီးတီးနောက် ဒုတိယနေရာတွင်သာ ရပ်တည်နေတဲ့ ရီးရဲလ်မက်ဒရစ်
၂၀၂၄-၂၅ ဘောလုံးရာသီစတင်ဖို့ တစ်လပဲလိုတော့တဲ့အချိန်မှာ ယူအီးအက်ဖ်အေက ကလပ်အသင်းတွေအတွက် နောက်ဆုံးအဆင့်သတ်မှတ်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးနောက် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ရာသီသစ်တွင် အသင်းကြီးတစ်သင်းမှ မကစားရသေးသောကြောင့် အဆင့်သတ်မှတ်ချက်များအားလုံးကို ခြုံငုံတွက်ချက်ရာတွင် ရာသီသစ် ၅ ခုအနက်မှ နောက်အကျဆုံးရာသီကို ဖယ်ရှားထားပြီး မကစားရသေးတဲ့ရာသီကို ပေါင်းထည့်ထားတာကြောင့် လက်ရှိတွင် အသင်းကြီးတစ်သင်းမှ မကစားရသေးသောကြောင့် သုညဖြစ်နေပါတယ်။ မနှစ်ကလိုပဲ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမဲ့ မန်စီးတီးနောက် ဒုတိယနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
၂၀၁၉-၂၀ ရာသီက အမှတ်တွေကို ဖယ်ထုတ်လိုက်ပြီး နောက်ဆုံးကမ်ပိန်းတွေက အမှတ်တွေကို တွက်ချက်ပြောင်းလဲခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို မကျော်နိုင်သေးပါဘူး။ ပက်ဂွါဒီယိုလာရဲ့အသင်းက ၁၂၃၀၀၀ မှတ်၊ ရီးရဲလ်မက်ဒရစ်က ၁၁၉၀၀၀ မှတ်နဲ့ ဒုတိယ၊ ဘိုင်ယန်မြူးနစ်အသင်းက ရမှတ် ၁၀၈၀၀၀ နဲ့ တတိယနေရာမှာ ရှိနေပါတယ်။ လီဗာပူးကတော့ စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရရှိထားပြီး မန်စီးတီးကတော့ ၁ ကြိမ်သာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာရဲ့ အသင်းဟာ အနည်းဆုံး ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ် ၂ ခုသို့ရောက်ရှိမှုကို လက်ရှိအဆင့်တွင် ထည့်သွင်း တွက်ချက်ထားတာကြောင့် အသာရရှိနေတာပါ။ အဲ့ဒါကြောင့် သူတို့ဟာ အမှတ်အမြောက်အများ ရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားကို ဦးဆောင်နေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘာစီလိုနာက အဆင့် ၁၈ နေရာမှာ ရပ်တည်နေပြီး အက်သလက်တီကိုမက်ဒရစ်က အဆင့် ၁၇ နေရာမှာသာ ရပ်တည်နေပါတယ်။