The network connection is lost.

Banner Image

အေစီမီလန်အတွက်ကစားပေးဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီဖြစ်ကြောင်း မိုရာတာ ပြောကြား

အေစီမီလန်တိုက်စစ်မှူးသစ် မိုရာတာက စီးရီးအေကိုပြန်လာပြီး အသင်းအတွက်ကစားပေးဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီလို့ ပြောကြားလိုက်ပါတယ်။ မိုရာတာဟာ ဗုဒ္ဓဟူးနေ့တုန်းက မီလန်အသင်းနဲ့ဆေးစစ်မှုအောင်မြင်ခဲ့တာာဖြစ်ပြီး ယူရို ၁၃ သန်းနဲ့ အပြီးသတ်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

အေစီမီလန်အနေနဲ့ တီကိုအသင်းထံ စာချုပ်ဖျက်သိမ်းကြေးပေးချေခဲ့ရတာဖြစ်ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ “ကျွန်တော် မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ အခုတော့ ကျွန်တော် အားလပ်ရက်သွားပါဦးမယ်။ ဘာလို့လဲ သူတို့က  ကျွန်တော့်ကိုအမြဲကူညီပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာ ကျွန်တော်မနက်ဖြန်မှာ အသင်းနဲ့လေ့ကျင့်ခန်းစဆင်းပါမယ်”လို့ မိုရာတာက ပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်သားဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ တူရင်မှာ ၄ နှစ်ကြာ ကစားခဲ့သေးတာဖြစ်ပါတယ်။ “အီတလီသားတွေက ကျွန်တော့်ကိုလေးစားမှုအပြည့်နဲ့ ဆက်ဆံပါတယ်။ ကျွန်တော် အားလပ်ရက်ကနေ ပြန်လာပြီး လေ့ကျင့်ခန်းကာ ကစားဖို့မစောင့်နိုင်အောင်ဖြစ်နေပါပြီ။ ဖွန်ဆီကာ ၊ မိုဗစ် ၊ ဖာလာနီတို့နဲ့ စကားပြောရတာ အဆင်ပြေပါတယ်။ အားလုံးအပေါင်းလက္ခဏာဆောင်ပါတယ်။ ကျွန်တော်ကစားသမားဘဝရဲ့အကောင်းဆုံးနေ့ရက်တွေရှိနေဆဲဆိုတာ ကျွန်တော်သိပါတယ်။ မီလန်လိုအသင်းမျိုးကိုပြောင်းခွင့်ရတာ တကယ်ကောင်းပါတယ်။ ကျောနံပတ် ၉ ရမလားဆိုတာ မသိသေးပါဘူး။ ကျွန်တော်တို့ စကားပြောရပါဦးမယ်။ ပြီးရင်တော့ဘာဖြစ်မလဲစောင့်ကြည့်ရမှာပါ”လို့ မိုရာတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။


စပိန်သားဟာ ၂၀၂၃ - ၂၄ ရာသီအတွင်း တီကိုအတွက် ၄၈ ပွဲပါဝင်ကစားကာ ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အတွက်တော့ ၁၃၀ ပွဲမှာ ၃၅ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။