
The network connection is lost.

ပရီးမီးယားလိဂ်အသင်းတွေဟာ VAR ဖျက်သိမ်းဖို့အတွက် ဆန့်ကျင်မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။ ဝုဗ်အသင်းကတော့ VAR နည်းစနစ်စကို ဖျက်သိမ်းဖို့ မဲပေးခဲ့ပြီး ဒီရာသီ VAR ရဲ့ဆုံးဖြတ်ချက်အမှားတွေကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ကနဦးတွေ့ဆုံမှုမှာ ဝုဗ်အသင်းရဲ့တောင်းဆိုမှုကို ပယ်ချခဲ့တာဖြစ်ပါတယ်။
ပြောင်းလဲမှုပြုလုပ်ဖို့ ကလပ်အသင်း ၂၀ ထဲက ၁၄ သင်းမဲပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ အသင်းတော်တော်များများကတော့ VAR ဆက်ထားဖို့ မဲပေးခဲ့ပေမယ့် တိုးတက်မှုတွေရှိလာဖို့တော့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ အခုရာသီ အစောပိုင်းတုန်းက ပရီးမီးယားလိဂ်အမှုဆောင် တိုနီစခိုးလ်ကတော့ VAR ကိုမိတ်ဆက်ပြီးကတည်းက ၈၂% ကနေ ၉၆% အထိ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ တိုးလာတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
“VAR က ဆက်ရှိနေမှပါ။ ဒါက ကွင်းတွင်းမှာတကယ့်ကိုအလုပ်ဖြစ်တဲ့အရာပါ။ ကျွန်တော်တို့ အများကြီးစစ်ဆေးမှုတွေပြုလုပ်ပါတယ်။ အဲ့လိုလုပ်နိုင်ဖို့လည်း အချိန်အတော်ကြာယူရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်တွေက VAR ဆက်ရှိဖို့မဲပေးခဲ့ကြပေမယ့် ပိုတိကျတဲ့ဆုံးဖြတ်ချက်မျိုး လိုအပ်တယ်လို့ ထောက်ပြခဲ့ပါတယ်။ အလွတ်သဘောတွေ့ဆုံမှုမှာ အသင်းတွေက နည်းစနစ်ပိုင်းတိုးတက်လာမှု နဲ့ အဓိက ၆ ချက်တိုးတက်လာအောင် လုပ်ဆောင်ဖို့ PGMOL ဘက်က သဘောတူခဲ့ပါတယ်။
၁။ VAR ရဲ့ကြားဝင်မှုတွေက ပွဲအတွင်းတည်ငြိမ်မှု နဲ့ အနှောက်အယှက်မဖြစ်အောင် ထိန်းသိမ်းပေးရန်။
၂။ Semi-automated offside နည်းပညာအသစ်နဲ့အတူ ပွဲအတွင်းနှေးကွေးမှုတွေ မဖြစ်ပေါ်စေရန်။
၃။ VAR ရဲ့ကနဦးဆုံးဖြတ်ချက်အပြီးမှာ ဒိုင်တွေကနေ ကွင်းထဲကို ကြေညာမှုပေးရန်အပြင် VAR ကြားဝင်မှုရဲ့အစအဆုံးဖြစ်ရပ်ကို ကြီးမားတဲ့စခရင်မ်ပေါ်မှာ ပြသရန်။
၄။ PGMOL အနေနဲ့ VAR ရဲ့အခြေအနေကို အခုထက်ပိုတိုးတက်လာအောင် လေ့ကျင့်ပေးရန်အပြင် တိကျမှုတွေကိုအာရုံစိုက်ပေးရန်။
၅။ ပရီးမီးယားလိဂ်ဒိုင်အဖွဲ့ချုပ်စင်တာအပြင် အခြားဒိုင်တွေ ၊ VAR တွေကြား ဆက်သွယ်မှုကို အဆင်ပြေပြေဖြစ်စေရန်။
၆။ VAR ရဲ့ပွဲအတွင်းမှာ ပါဝင်တဲ့သူတွေကို ရှင်းရှင်းလင်းလင်းသိရအောင် ပြသပေးရန်။
ဧပြီလတုန်းက လူကျွံနည်းစနစ်နည်းပညာကို လာမယ့်ရာသီသစ်မှာ စတင်အသုံးပြုမယ်လို့ အတည်ပြုခဲ့ပြီး အဆိုပါနည်းစနစ်ဟာ လူကျွံဘောအတွက် လျင်မြန်ပြီး တည်ငြိမ်တဲ့အခြေအနေတစ်ရပ်ကို ပြသပေးနိုင်မှာဖြစ်ပါတယ်။