ပေါ်တူဂီ၊ အီတလီတို့ ဝင်ကန်မယ့် ၂၀၂၂ ကမ္ဘာ့ဖလား play-offs အနေအထား.. ဘယ်အချိန်ကန်မလဲ?? ဘယ်နှစ်သင်းတက်မလဲ??
၂၀၂၂ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေဟာ တဖြည်းဖြည်းပြီးဆုံးဖို့နီးကပ်လာခဲ့ပြီး play-offs ကစားရမယ့် အချိန် ရောက်လို့လာခဲ့ပါပြီ။ အုပ်စု အများစုကတော့ ပွဲစဉ်တွေအားလုံးပြီးသွားခဲ့ပြီး ပထမရအသင်းတွေနဲ့ဒုတိယရအသင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ လက်ကျန်ပွဲစဉ်တွေရှိသေးပြီး အင်္ဂါ၊ ဗုဒ္စဟူးနေ့တွေမှာ ဆက်လက်ကစားမှာ ဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားကို အုပ်စုပထမရအသင်း၁၀သင်းက တိုက်ရိုက်ဝင်ခွင့်ရမှာ ဖြစ်ပြီး ဒုတိယရတဲ့ အသင်း၁၂သင်းကတော့ play-offs ပြန်ကန်ရမှာ ဖြစ်ကာ လာမယ့်မတ်လမှာ play-offs ပွဲတွေကို ကျင်းပကစားသွားမှာပါ။ လောလောဆယ်နောက်ဆုံးကန်ထားတဲ့ တနင်္လာမှာ အင်္ဂလန်က ခြေစစ်ပွဲအောင်ခဲ့ပြီး အီတလီက ခြေချော်ကာ ဆွစ်ဇာလန်ကို အုပ်စုပထမပေးလိုက်ရပြီး ဒုတိယသာ ရခဲ့ပါတယ်။
လက်ရှိ ကမ္ဘာ့ဖလားဥရောပဇုန် ခြေစစ်ပွဲအနေအထားနဲ့play-offs ဘယ်အသင်းတွေ ကန်ရနိုင်မလဲ ဆိုတာတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
Play-offs ကို ဘယ်လိုကန်မလဲ??
=============================
အသင်း၃၂သင်းက လာမယ့်ဆောင်းရာသီ ကမ္ဘာ့ဖလားတွင် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမှာပါ။ အဲဒီထဲမှာ ဥရောပဇုန်က ကျန်တဲ့ ဇုန်တွေထက် နေရာအများဆုံး ၁၃နေရာအထိ ရရှိထားပါတယ်။ ခြေစစ်ပွဲကို ဥရောပအသင်း၅၅သင်းက ၁၀အုပ်စုခွဲပြီး ၅သင်းတစ်စု၊ ၆သင်းတစ်စု ကန်စေခဲ့ပါတယ်၊ အုပ်စုပထမရအသင်းတွေက တိုက်ရိုက်ခြေစစ်ပွဲအောင်မှာ ဖြစ်ပြီး ဒုတိယနေရာရတဲ့ အသင်းတွေက play-offs ကစားရမှာ ဖြစ်ပါတယ်။ play-offs တွင် အသင်း၃သင်းသာ ခြေစစ်ပွဲအောင်မြင်မှာပါ။
Play-offs ကို မတ်လ၂၄ရက်ကနေ မတ်လ၂၉ရက်အထိ လာမယ့်နှစ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်၊ play-offs တွင် ဒုတိယနေရာရ အသင်း၁၀သင်းနဲ့ နေးရှင်းလိဂ်အဆင့်ရပ်တည်ချက်အရ အကောင်းဆုံးအသင်းနှစ်သင်း (နေးရှင်းလိဂ်အုပ်စုတွေထဲက ပထမရ အမှတ်အကောင်းဆုံး၂သင်းဖြစ်) ကို ရွေးချယ်ကာ ၁၂သင်း ကန်ရမှာ ဖြစ်ပါတယ်။
အဆိုပါ၁၂သင်းဟာ play-offs တွင် လမ်းကြောင်း၃စု ကွဲမှာဖြစ်ကာ ဆီမီးဖိုင်နယ်နဲ့ဖိုင်နယ်တွေအဖြစ် ကန်ရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ ဖိုင်နယ်မှာ အနိုင်ရတဲ့ အသင်း၃သင်းက ကာတာမှာ ကစားရမယ့် ကမ္ဘာ့ဖလားဝင်ခွင့် လက်မှတ်ကို ရရှိမှာ ဖြစ်ပါတယ်။
Play-offs ကန်မယ့်အသင်းတွေကို မဲခွဲမယ့်အနေအထား
=================
Play-offs အတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ ဒုတိယနေရာရတဲ့ အသင်း၁၀သင်းက ဆီမီးဖိုင်နယ်ပွဲတွေမှာ အိမ်ရှင်အဖြစ် ကစားနိုင်တဲ့ အားသာချက်ရှိမှာ ဖြစ်ပြီး နေးရှင်းလိဂ်ရပ်တည်ချက်ကနေ ဝင်ကန်မယ့် အသင်း၂သင်းကတော့ အဆိုပါအားသာချက်ကို ရမှာမဟုတ်ပါဘူး။
အထူးသဖြင့် ဒုတိယနေရာရတဲ့အသင်းတွေကို ရမှတ်တွေနဲ့အရင်စီမှာ ဖြစ်ပြီး ရမှတ်တွေတူနေရင် ဂိုးကွာခြားချက်၊ အဝေးဂိုးအရေအတွက်၊ နိုင်ပွဲအရေအတွက်၊ အဝေးကွင်းနိုင်ပွဲအရေအတွက်တွေပါ ထည့်တွက်သွားမှာ ဖြစ်ပါတယ်။ယုတ်စွအဆုံး အဲဒါတွေပါ တူနေရင် အသင်းတွေရဲ့ အဝါကတ်၊ အနီကတ်ထိမှုတွေပါ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။ အဆိုပါပုံစံမျိုး စီပြီး ထိပ်ဆုံး၆သင်းက ဆီမီးဖိုင်နယ် ပွဲမှာ အိမ်ကွင်းအားသာချက်တွေ ရမှာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ အိမ်ကွင်းအားသာချက်ရတဲ့ အသင်း၆သင်းနဲ့အားသာချက်မရတဲ့ အသင်း၆သင်းကို ရောပြီး ကစားစေမှာ ဖြစ်ပါတယ်။ ဒီအတွက် အစုတစ်စုမှာ ၄သင်းပါဝင်မှာဖြစ်ပြီး အိမ်ကွင်းအားသာချက်ရတဲ့ အသင်း၂သင်းနဲ့မရတဲ့အသင်း၂သင်း တွေ့မှာ ဖြစ်ပါတယ်။ အစု၃စုခွဲထားပြီး တစ်စုစီမှာ ဆီမီးဖိုင်နယ်၂ပွဲကန်မှာ ဖြစ်ပါတယ်။ဖိုင်နယ်ပွဲအတွက် အိမ်ရှင်အသင်း ဘယ်အသင်းဖြစ်မလဲဆိုတာကို မဲခွဲပွဲမှာ ကြေညာမှာ ဖြစ်ပါတယ်။
Play-offs ကန်မယ့်အသင်းတွေ မဲခွဲမှုအား ခြေစစ်ပွဲတွေအားလုံးအပြီး ၁၀ရက်အကြာ နိုဝင်ဘာ ၂၆ရက် သောကြောနေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲအခမ်းအနားအား ဆွစ်ဇာလန်၊ ဇူးရစ်မြို့မှာ ယူကေအချိန် ညနေ၄နာရီတွင် မဲခွဲသွားမယ်လို့သိရပါတယ်။
Play-offs အတွက် ဘယ်အသင်းတွေကန်သွားရမလဲ??
===========================
လက်ရှိမှာ အုပ်စု D နဲ့G က မပြီးသေးတဲ့အတွက် ၂သင်းကျန်နေသေးပြီး ကျန်တဲ့အသင်းတွေဖြစ်တဲ့ အီတလီ၊ ပေါ်တူဂီ၊ ရုရှား၊ စကော့တလန်၊ ချက်ဇ်၊ ပိုလန်၊ ဆွီဒင်၊ ဝေးလ်စ်၊ သြစတြီးယား၊ မြောက်မက်ဆီဒိုးနီးယားတို့ကတော့ ကန်ဖို့အတည်ပြုထားပြီ ဖြစ်ပါတယ်။
လက်ရှိ ကစားဖို့ ကျန်နေသေးတဲ့ ဒုတိယနေရာက အသင်းတွေက ဘယ်အသင်းတွေလဲ?
==========================
ပွဲကစားဖို့ ကျန်သေးတဲ့ အုပ်စု ၆ခု ကျန်နေသေးပြီး အုပ်စု Fမှာတော့ ဒိန်းမတ်က ပထမနေရာ၊ စကော့တလန်က ဒုတိယနေရာဆိုတာ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုCမှာ အီတလီအသင်း မြောက်အိုင်ယာလန်ကို မနိုင်ခဲ့တာကြောင့် အခြေအနေတွေ ထင်ထားသလို ဖြစ်မလာခဲ့ပဲ ပလေးအော့ဖ် ယှဉ်ပြိုင်ရတော့မှာပါ။
ဒါကြောင့် ဆွစ်ဇာလန်ဟာ ဘူလ်ဂေးရီးယားကို ဂိုးပြတ်နိုင်ခဲ့ပြီးအောက် အုပ်စုပထမနေရာကနေ ခြေစစ်ပွဲအောင်ခဲ့ပြီ ဖြစ်ပါတယ်။ အုပ်စုDကလည်း ပြင်သစ်က အုပ်စုပထမနေရာ ရဖို့ သေချာသွားပြီဖြစ်ပြီး ဒုတိယနေရာအတွက် ဖင်လန်နဲ့ ယူကရိန်းတို့ ယှဉ်ပြိုင်ကြရမှာပါ။
ယနေ့ညမှာတော့ အဆိုပါ အုပ်စုက ပွဲစဉ်တွေ အဆုံးသတ်မှာ ဖြစ်ပြီး ဖင်လန်က ပြင်သစ်၊ ယူကရိန်းက ဘော့စနီးတို့နဲ့ အသီးသီး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စု Eမှာ ဘယ်လ်ဂျီယံက တိုက်ရိုက် ခြေစစ်ပွဲအောင်သွားပြီဖြစ်ကာ ဝေးလ်နဲ့ ချက်တို့က ဒုတိယနေရာအတွက် တိုက်ပွဲဝင်ကြရာမှာပါ။
အုပ်စုGကတော့ စိတ်ဝင်စားစရာကောင်းပြီး ပထမနေရာအတွက် နယ်သာလန်၊ နော်ဝေနဲ့ တူရကီတို့ အပြိုင်ဖြစ်နေပါတယ်။ နယ်သာလန်က နော်ဝေကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပြီး တူရကီက မွန်တီနီဂရိုကို အဝေးကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ အုပ်စုFမှာ အင်္ဂလန်က ဆန်မာရီနိုကို ၁၀ဂိုးပြတ် နိုင်ခဲ့ပြီးနောက် ခြေစစ်ပွဲအောင်သွားပြီ ဖြစ်ကာ ပိုလန်က ဟန်ဂေရီကို ရှုံးခဲ့တယ်ဆိုပေမဲ့ ဒုတိယနေရာကနေ ပလေးအော့ဖ် ရောက်သွားခဲ့ပါတယ်။
အုပ်စုပထမနေရာကနေ ဘယ်အသင်းတွေ ခြေစစ်ပွဲအောင်ခဲ့ပြီလဲ??
===============
ခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့နဲ့ ပလေးအော့ဖ်ရောက်ဖို့ အသင်းအများအပြား တိုက်ပွဲဝင်နေဆဲ ဖြစ်ပြီး ဒီအသင်းတွေထဲ ဘယ်အသင်းတွေက ခြေစစ်ပွဲအောင်သွားပြီလဲဆိုတာ မြန်မြန်ကြည့်လိုက်ရအောင်။ ပထမဆုံး ခြေစစ်ပွဲအောင်တာကတော့ အုပ်စုတွင်း ၁၀ပွဲမှာ ၉ပွဲနိုင်ခဲ့တဲ့ ဂျာမနီအသင်းပဲ ဖြစ်ပြီး အုပ်စုJကနေ တိုက်ရိုက်ခြေစစ်ပွဲအောင်ခဲ့ပါတယ်။
အဲ့ဒီနောက် အုပ်စု Fကနေ ဒိန်းမတ်က အုပ်စုတွင်း ပေးဂိုး၁ဂိုးတည်းနဲ့ ခြေစစ်ပွဲ အောင်သွားခဲ့ပါတယ်။ အဲ့ဒီနောက် ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဆားဘီးယား၊ စပိန်၊ ဆွစ်ဇာလန်နဲ့ အင်္ဂလန်တို့ဟာလည်း ကာတာ ကမ္ဘာ့ဖလားကို အောင်မြင်ခဲ့ပြီ ဖြစ်ပါတယ်။
ဘယ်အချိန် ကမ္ဘာ့ဖလား စတင်မလဲ၊ ဘယ်လို ကစားမလဲ??
=========================
ကမ္ဘာ့ဖလား ပထမဆုံးပွဲကို ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၁ရက်နေ့မှာ စတင်မှာဖြစ်ပြီး ဒီဇင်ဘာ ၁၈ရက်မှာ ပြီးဆုံးမှာဖြစ်ကာ ၃၂သင်း ဝင်ကစားမှာ ဖြစ်ပြီး အုပ်စု ၁အုပ်စုမှာ ၄သင်းနဲ့ ၈အုပ်စု ခွဲပြီး ကစားကြမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့် ပွဲစဉ်တွေကို နိုဝင်ဘာ ၂၁ရက်မှာ စတင်မှာဖြစ်ပြီး တစ်ရက် ၄ပွဲကစားကာ ၁၂ရက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပုံမှန်လိုပဲ အုပ်စု ပထမ၊ ဒုတိယနေရာက အသင်းတွေက ၁၆သင်းအဆင့်ကို တက်ရောက်သွားမှာ ဖြစ်ပြီး ယူရို ၂၀၂၀မှာလို တတိယနေရာက အသင်းကတော့ နောက်တစ်ဆင့်တက်မှာ မဟုတ်ပါဘူး။ ယူရို၂၀၂၀နဲ့ မတူတဲ့ နောက်တစ်ချက်က ကမ္ဘာ့ဖလားမှာ တတိယနေရာလုပွဲ ရှိမှာပဲ ဖြစ်ပါတယ်။
အုပ်စုအဆင့် ပွဲစဉ်တွေက ဒီဇင်လာ ၂ရက်နေ့မှာ အဆုံးသတ်မယ်လို့ ဆိုပြီး ၁၆သင်း အဆင့် ပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၃ရက်ကနေ ၆ရက်ကြား ကစားသွားမှာပါ။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဒီဇင်ဘာ ၉ရက်နေ့နဲ့ ၁၀ရက်နေ့တွေမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်ကို ဒီဇင်ဘာ ၁၃ရက်နဲ့ ၁၄ရက် နေ့တွေမှာ ကစားသွားမယ်လို့ သိရပါတယ်။ ဗိုလ်လုပွဲကိုတော့ ဒီဇင်ဘာ ၁၈ရက်နေ့မှာ ကျင်းပပြီး ပြိုင်ပွဲကို ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။