The network connection is lost.

Banner Image

ဘရိုက်တန်အား အနိုင်ရခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ မာဒူကီအား ချန်လှပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် တုံ့ပြန်လိုက်တဲ့ ပိုချက်တီနို

ဘရိုက်တန်အား အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်မှာ မာဒူကီဟာ ချန်လှပ်ခြင်းခံခဲ့ရပြီး အဲ့ဒီအကြောင်းအရင်းကို နည်းပြ ပိုချက်တီနိုက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အက်စတွန်ဗီလာနှင့် ကစားခဲ့တဲ့လူစာရင်းကို ပြောင်းလဲမှု ၅ ခု ပြုလုပ်ခဲ့ပြီး ကိုးလ်ပယ်လ်မာ၊ အီမာဆင်၊ အူဂိုချူဝူနှင့် မာ့ခ်ကူကူရယ်လာတို့ကို အခွင့်အရေးများ ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲမှာ ဝင်ဘယ်လ်တန်အား ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အဆိုပါပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ မာဒူကီကတော့ ယခုပွဲမှာတော့ မပါဝင်ခဲ့ပါဘူး။

လက်ရှိရာသီပရီးမီးယားလိဂ်တွင် မာဒူကီက ၄၄ မိနစ်သာ ကစားထားပြီး တောင်ပံကစားသမားဟာ ဒဏ်ရာကြောင့် အဆိုပါပွဲမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူးလို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်ကနိုင်ပွဲပြီးနောက် မာဒူကီ မပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ပိုချက်တီနိုအား မေးရာတွင် "ဒါက ကစားသမား ရွေးချယ်မှုပဲ" လို့ ပြန်ဖြေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာ နီကိုလက်စ်ဂျက်ဆင်ရဲ့ဂိုးကြောင့် ချဲလ်ဆီးဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့တာကြောင့် ပိုချက်တီနိုရဲ့အသင်းဟာ ကာရာဘောင်ဖလား စတုတ္ထအဆင့်မှာ ဘလက်ဘန်းရိုဗာနဲ့ ဆက်လက်ကစားရမှာဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ရာသီအစမှာ ရုန်းကန်ခဲ့ရပြီး လာမယ့် အောက်တိုဘာ ၂ ရက် တနင်္လာနေ့တွင် ဖူလ်ဟမ်အသင်းနှင့် ကစားရမှာဖြစ်ပါတယ်။