The network connection is lost.

Banner Image

နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အိုနာနာနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ အာမိုရင်

သတင်းတွေအရ ယူနိုက်တက်နည်းပြ အာမိုရင်တစ်ယောက် နယူးကာဆယ်နဲ့ပွဲမှာ အိုနာနာကို ချန်လှပ်နိုင်တယ်ဆိုတယ်လို့ သိရပါတယ်။ လိုင်ယွန်ကို ၂-၂ သရေကျခဲ့တဲ့ပွဲမှာ အိုနာနာဟာ အမှား ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၂ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ မာတစ်က အိုနာနာရဲ့စွမ်းဆောင်ရည်ကို ထောက်ပြခဲ့ပေမယ့် အာမိုရင်က သတင်းစာရှင်းပွဲမှာ အိုနာနာကို ဝေဖန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ အိုနာနာနဲ့ပတ်သက်ပြီး အာမိုရင်က “တူညီတဲ့အရာကိုပဲ ကျွန်တော်တို့ ဆက်လုပ်မှာပါ”လို့ ဖြေကြားခဲ့ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ အိုနာနာကို ချန်လှပ်ပြီး နံပတ် ၂ ဂိုးသမား ဘာယင်ဒါကို ထည့်ကစားနိုင်ချေရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ အာမိုရင်အနေနဲ့လည်း နယူးကာဆယ်နဲ့ပွဲမှာ လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပါတယ်။  အိုနာနာရဲ့အမှားနဲ့ပတ်သက်ပြီး အာမိုရင်က “အဲ့တာက ဘာမဆိုဖြစ်နိုင်ပါတယ်။ တကယ်လို့ ခင်ဗျားအနေနဲ့ ပွဲတွေအများကြီးကန်မယ်ဆိုရင် အမှားတွေလုပ်နိုင်ပါတယ်။ ဒီရာသီကိုကြည့်လိုက်ပါ။ ပြီးခဲ့တဲ့လတွေတုန်းက ကစားသမားတွေထက် ကျွန်တော်အမှားတွေအများကြီးလုပ်ခဲ့ပါတယ်။ 

ကောင်းတဲ့အရာက တစ်ပွဲတည်းနဲ့ အရာအားလုံးပြောင်းလဲနိုင်ပါတယ်။ အဲ့တာ ကျွန်တော်တို့ အာရုံစိုက်ရမယ့်အရာပါ။ မာတစ်ပြောတဲ့အရာကို ကျွန်တော်မသိပါဘူး။ အကောင်းဆုံးအရာက ဂိုးတွေကိုကြည့်ရမှာဖြစ်သလို အိုနာနာရဲ့ပွဲအတွင်း စွမ်းဆောင်ရည်ကို ကြည့်ရမှာပါ။ ဒါက ဘယ်လိုကစားသမားကိုမဆိုကူညီနိုင်တဲ့နည်းလမ်းပါ။ ကျွန်တော်တို့ ပွဲအပေါ် အာရုံစိုက်ရပါမယ်။ ဘာတွေဖြစ်မလဲ ၊ တိုးတက်ဖို့ ဘာတွေလိုအပ်မလဲဆိုတာကိုလည်း ကြည့်ရပါမယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဂိုးသမားသစ်ရှာဖွေနိုင်လားဆိုတဲ့အပေါ် စခိုးလ်က “မှန်ပါတယ်။ အဲ့တာက သူတို့တွေးရမယ့်အရာပါ။ ဒါပေမယ့် သူတို့ဘတ်ဂျက်ကိုလည်း ကြည့်ရပါမယ်။ ဂိုးသမားတစ်ဦးအတွက် ငွေထပ်သုံးမလားဆိုတာပေါ့။ သူက အသင်းအတွက် လုံလုံလောက်လောက်မကောင်းပါဘူး။ အင်တာမှာ သူအကောင်းဆုံးလုပ်နိုင်ခဲ့ပေမယ့် သူ့ရဲ့ဖြန့်ဝေနိုင်မှုအပိုင်းက ကောင်းတယ်လို့ ကျွန်တော်မထင်ပါဘူး။ ဂိုးသမားသစ်တစ်ဦးအတွက် နောက်ထပ်ပေါင်သန်း ၄၀ အသုံးပြုပါ့မလား?။ ကျွန်တော် မသိပါဘူး။ အာမိုရင်အနေနဲ့ ဖြေရှင်းရမယ့်ပြဿနာတွေအများကြီးရှိနေပါတယ်”လို့ စခိုးလ်က ပြောကြားခဲ့ပါတယ်။