The network connection is lost.

Banner Image

ပိုချက်တီနိုရဲ့သတိပေးမှုကို လျစ်လျူရှုခဲ့ပြီးနောက် တစ်ပွဲပယ်ခံရတော့မယ့် နီကိုလက်စ်ဂျက်ဆင်

ပြီးခဲ့တဲ့ရက်အနည်းငယ်က ပိုချက်တီနိုတစ်ယောက် သူ့ကိုသတိပေးခဲ့ပေမယ့် ဗီလာနဲ့ပွဲမှာ အဝါကတ်ထိခဲ့တာကြောင့် တိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်တစ်ယောက် လာမယ့်ပွဲကို လွဲချော်တော့မှာဖြစ်ပါတယ်။
 
အသက် ၂၂ နှစ်သားဟာ နွေရာသီတုန်းက ဗီလာရီးရဲလ်ထံကနေ ပေါင် ၃၂ သန်းနဲ့ ချဲလ်ဆီးထံ ပြောင်းလာခဲ့တာဖြစ်ပြီး ဗီလာနဲ့ပွဲမှာ အဝါကတ် ၅ ကတ်ပြည့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ပိုချက်တီနိုတစ်ယောက် ဂျက်ဆင်ရဲ့စည်းကမ်းပျက်ကွက်မှုကို စိတ်ပျက်လာနိုင်တာဖြစ်ပါတယ်။
 
“ကျွန်တော် ဒီနေ့မှာ သူနဲ့စကားပြောဖြစ်ခဲ့ပြီး အဲ့အကြောင်းကိုပြောဖြစ်ပါတယ်။ အန်ဇိုနဲ့လည်း အစည်းအဝေးလုပ်ခဲ့ပါတယ်။ အဝါကတ်တွေအကြောင်းပေါ့”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။ သတိပေးမှုတွေ ရှိခဲ့ပေမယ့် ဂျက်ဆင်ဟာ အက်စ်တွန်ဗီလာ အသင်းနဲ့ပွဲမှာ ၅ ကြိမ်မြောက်အဝါကတ်ကို ရရှိခဲ့တာဖြစ်ပြီး အဆိုပါအခြေအနေကြောင့် ဂျက်ဆင်ဟာ လာမယ့်အောက်တိုဘာ ၂ ရက်နေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
 
ဗီလာဂိုးသမား မာတီနက်ဇ်က ပြစ်ဒဏ်ဘောကို အလျင်အမြန်ကန်ဖို့လုပ်ခဲ့ပေမယ့် ဂျက်ဆင်က ပိတ်ပင်ခဲ့တာကြောင့် ကွင်းလယ်ဒိုင် ဂီလတ်က အဝါကတ်ပြသခဲ့တာ ဖြစ်ပါတယ်။ ဂျက်ဆင်မပါနိုင်တာကြောင့် ချဲလ်ဆီးအနေနဲ့ လူငယ်တိုက်စစ်မှူး ဘရိုဂျာကို အသုံးပြုရဖွယ်ရှိနေပါတယ်။
 
အန်ကွန်ကူကတော့ ဒူးဒဏ်ရာကြောင့် ကာလရှည်နားနေရတာဖြစ်ပြီး နှစ်သစ်မတိုင်ခင်အထိ ပြန်လာနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။ ပိုချက်တီနိုကတော့ ဂျက်ဆင်အနေနဲ့ အသက်ငယ်သေးတာကြောင့် သင်ယူရဦးမယ်လို့ ပြောကြားခဲ့ပါတယ်။