
Lie detector စစ်ဆေးမှုနဲ့အတူ ဆေးသုံးစွဲခဲ့တယ်ဆိုတဲ့ နာမည်ဆိုးကို ပယ်ဖျက်နိုင်ခဲ့တဲ့ ချဲလ်ဆီးစတား
ချဲလ်ဆီးစတား မူဒရစ်ခ်တစ်ယောက် အခုရာသီအစောပိုင်းတုန်းက ဆေးသုံးစွဲခဲ့တယ်ဆိုတဲ့ နာမည်ဆိုးကို lie detector စစ်ဆေးမှုနဲ့အတူ ပယ်ဖျက်နိုင်ခဲ့ပါတယ်။ အသက် ၂၃ နှစ်သားဟာ ဆေးသုံးခဲ့တယ်လို့ ယူဆခံခဲ့ရတာကြောင့် ပွဲပယ်ခံထားရတာဖြစ်ပါတယ်။ စစ်ဆေးမှုမထွက်လာခင် မူဒရစ်ခ်တစ်ယောက် နိုဝင်ဘာတုန်းက ချဲလ်ဆီးအတွက် နောက်ဆုံးပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။
ရှက်စတားဟောင်းဟာ ဆေးသုံးစွဲခဲ့တာမှန်ကန်တယ်ဆိုရင် ၄ နှစ်ပွဲပယ်ခံရနိုင်တာဖြစ်ပြီး အခုချိန်မှာတော့ နာမည်ဆိုးကို ပယ်ဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှက်တာအမှုဆောင် ပယ်လ်ကင်ရဲ့အဆိုအရ မူဒရစ်ခ်ဟာ Meldonium ကြောင့် သူ့ရဲ့အမှားကို သက်သေပြဖို့ အချိန်အတော်ကြာစောင့်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဆေးသုံးခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ထွက်လာပြီးကတည်းက မူဒရစ်ခ်နဲ့ အကြိမ်ရေအများကြီးတွေ့ဖြစ်ခဲ့ပါတယ်။ သူက ဘာကြောင့်ဘယ်လိုဖြစ်လာလဲဆိုတာကို နားမလည်နိုင်ဖြစ်နေပါတယ်။ သူ့မှာ ဘာသဲလွန်စမှမရှိပါဘူး။ နားမလည်နိုင်လည်းဖြစ်ရပါတယ်။ သူ့ရှေ့နေတွေကလည်း သူ့ကို Lie detector စစ်ဆေးဖို့ လုပ်ဆောင်ခဲ့ပါတယ်။ အခုတော့ သူ့အမှားမရှိဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပါပြီ။ မူဒရစ်ခ်ဘက်ကရှင်းလင်းပါတယ်။ အဲ့တာက သူ့အမှားမဟုတ်ပါဘူး။ အခုတော့ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ ရှင်းလင်းခဲ့ပါပြီ။ သူ့ရှေ့နေတွေက အဖြေရှာနိုင်ခဲ့ပါပြီ။
အခြား B ဥပမာတော့ကျန်နေပါသေးတယ်။ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိပါဘူး။ မူဒရစ်ခ်အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူက ထိပ်တန်းကစားသမားဖြစ်သလို အရမ်းကောင်းတဲ့လူတစ်ယောက်ပါ။ သူ့အနေနဲ့ကာကွယ်မှုရသင့်ပါတယ်။ ရှက်တာဘက်ကလည်း အခုအခြေအနေကို စိတ်ဝင်စားပါတယ်။ သူ့အပြောင်းအရွှေ့ကနေ စွမ်းဆောင်ရည်အပေါ်မူတည်ပြီး ဘောနပ်စ်ရဦးမှာပါ။
တကယ်လို့ သူမကစားရရင် ကျွန်တော်တို့အတွက် ယူရိုသန်း ၃၀ လောက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ရှက်တာ နဲ့ ချဲလ်ဆီးက တစ်လှေတည်းစီးကြသူတွေပါ။ ကျွန်တော်တို့အားလုံး မူဒရစ်ခ်ဘက်ကနေ ရှိပါတယ်။ သူဘောလုံးမကြာခင်မှာ ကန်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”လို့ ပယ်လ်ကင်က ပြောကြားခဲ့ပါတယ်။