The network connection is lost.

Banner Image

စာချုပ်ကိစ္စနှင့်ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ဆာလက်

ဆာလက်ဟာ ဝက်စ်ဟမ်းနဲ့ပွဲမှာ လီဗာပူးအသင်းအတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် သူ့ရဲ့အနာဂတ်နဲ့ပတ်သတ်တဲ့ သတင်းတွေကို ပြောကြားလိုက်ပါတယ်။အီဂျစ်တောင်ပံကစားသမားဟာ လီဗာပူးအတွက် ဆက်လက်ခြေစွမ်းပြသနေပြီး နှစ်ကုန်ပိုင်းမှာ ဝက်စ်ဟမ်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

ဆာလက်က ၁ ဂိုး သွင်းယူကာ ဂတ်ပို နှင့် ဂျိုတာတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးခဲ့ပြီး မာဆေးဆိုက် အသင်းက ဒုတိယနေရာမှ နော်တင်ဟမ်ဖောရက်စ်ကို ၈ မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်မှ တစ်ပွဲလျော့ဖြင့် ဦးဆောင်ထားပါတယ်။


၂၀၂၄-၂၅ ရာသီ ကလပ်ရဲ့ အကောင်းဆုံးပုံစံဖြင့် ရှိနေချိန် ပရိသတ်များက ဆာလက်ရဲ့ စာချုပ်သက်တမ်းတိုးခြင်းအတွက် စိုးရိမ်နေကြဆဲဖြစ်ပြီး တနင်္ဂနွေနေ့တွင် အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူးဟာ ဝက်စ်ဟမ်းနှင့်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီးနောက် အန်ဖီးလ်ရှိ သူ့ရဲ့အနာဂတ်နှင့်ပတ်သက်သည့် သတင်းအချက်အလတ်များကို ပြောကြားခဲ့ပါတယ်။

Sky Sports သို့ အီဂျစ်နိုင်ငံသားက "မဟုပါတ်ဘူး ကျွန်တော်တို့က အဲဒါနဲ့ ဝေးကွာနေပါတယ်။ ကျွန်တော်က မီဒီယာမှာ ဘာကိုမှမပြောလိုဘဲ လူတွေက စကားစပြောနေကြပေမယ့် တကယ်ကို ဘာမှ မပြောင်းလဲသေးကာ အခုချိန်မှာတော့ အသင်းအတွက်ကိုသာ အာရုံစိုက်ထားပြီး ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ မျှော်လင့်မိပါတယ်" လို့ ပြောပါတယ်။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးဟာ ဆာလက်ရဲ့ စာချုပ် အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းဖို့ မျှော်လင့်နေပါတယ်။ ဇန်နဝါရီလတွင် ကစားသမားဟာ သူ့ရဲ့လက်ရှိစာချုပ်နောက်ဆုံး ၆ လအတွင်း အင်္ဂလန်ပြင်ပကလပ်များနှင့် သဘောတူညီမှုများရရှိဖို့ ညှိနှိုင်းနိုင်မှာဖြစ်ပါတယ်။ စလော့ရဲ့အသင်းဟာ ဇန်နဝါရီလ ၅ ရက်နေ့ အန်ဖီးလ်မှာ ယူနိုက်တက်နှင့် ကစားရမှာဖြစ်ပါတယ်။