The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်အား အနိုင်ရရှိခဲ့ပြီးနောက် ဝမ်နရီကိုချီးကျူးလိုက်တဲ့ မာရီနို

အသက် ၁၅ နှစ်နှင့် ၁၈၁ ရက်သာရှိသေးတဲ့ ဝမ်နရီဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အာဆင်နယ်ရဲ့ ဘရန့်ဖို့ဒ်အား ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့မှုတွင် အရန်ခုံမှ ဝင်ရောက်ကစားခဲ့ပြီးနောက် သမိုင်းတွင် အသက်အငယ်ဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်လာခဲ့ပါတယ်။ နှစ်သစ်ကူးနေ့တွင် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ကွင်းအတွင်းသို့ပြန်ရောက်လာတဲ့ အသက် ၁၇ နှစ်အရွယ် ဝမ်နရီဟာ ဂန်နာတွေ လီဗာပူးနှင့်အမှတ်ကွာဟမှုကို ၆ မှတ်အထိ လျော့ချနိုင်မှုတွင် ခြေစွမ်းပြ ကစားခဲ့တာဖြစ်ပါတယ်။

၄ ပွဲတွင် ၆ဂိုးသွင်းယူခဲ့တဲ့ ဂျီးဆပ်ဟာ နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်ခဲ့ပါက ဝမ်နရီဟာ အဆိုပါပြိုင်ပွဲအတွက် အကောင်းဆုံးကစားသမားဆုကို ရရှိဖို့ အားကောင်းတဲ့ ကစားသမားတစ်ဦး ဖြစ်လာမှာပါ။
"သူဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်သလို၊ တကယ်ကို ခြေစွမ်းပြသနေသူတစ်ယောက်ပါ" လို့ အာဆင်နယ်ရဲ့ ဒုတိယမြောက်ဂိုးကို သွင်းယူခဲ့တဲ့ မာရီနိုက လန်ဒန်အနောက်ပိုင်းက ပွဲအပြီး ဝမ်နရီ အကြောင်းကို မေးမြန်းရာမှာ Super Sport ကို ပြောကြားခဲ့ပါတယ်။

"သူက အတွေ့အကြုံပိုရှိတဲ့ ကစားသမားတွေ၊ နည်းပြတွေရဲ့ စကားကို နားထောင်ဖို့ အမြဲတမ်း စိတ်အားထက်သန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပိုကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်အောင် သူအမြဲတမ်း ရှာဖွေနေပါတယ်"
"ဒါပေမယ့် သူသာမကဘဲ ကျွန်တော်တို့နဲ့ လေ့ကျင့်နေတဲ့ လူငယ်လေးတွေက မကစားရပေမယ့် လေ့ကျင့်ရေးကွင်းတွေမှာ အကယ်ဒမီဆိုတာက ဒီကလပ်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုဆိုတာ မြင်နိုင်ပါတယ်"
"သူတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းကြောက်စရာကောင်းတဲ့ ကစားသမားတွေပါ"

"ကျွန်တော့်အသက် ၁၇ နှစ်တုန်းက ကလေးလေးပဲရှိပါသေးတယ်ဆိုတာမှတ်မိပါသေးတယ်။ သူတို့တွေကတော့ ဥရောပရဲ့ အကောင်းဆုံးအသင်းတွေ၊ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်တို့ဆိုတာကို ဂရုမစိုက်ဘဲ ကစားနေကြတာပါ"
"သူတို့မှာ တောက်ပတဲ့ အနာဂတ်တွေရှိလို့ သူတို့ကို ပြုစုစောင့်ရှောက်ရမှာပါ" လို့ မာရီနိုက ပြောပါတယ်။
စပိန်ကွင်းလယ်ကစားသမားက "ဒါဟာ နှစ်သစ်ကို စတင်ဖို့ အကောင်းဆုံးနည်းလမ်းလို့ ကျွန်တော်ထင်ပါတယ်"
"အနာဂတ်မှာ သတင်းကောင်းတွေ အများကြီးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ပွဲမှာကစားခဲ့တဲ့ပုံစံအတွက် ကျွန်တော်တို့ တကယ်ကို ပျော်ရွှင်မိပါတယ်"
"ဒီမှာအနိုင်ရတာ၊ ဒီလိုခက်ခဲတဲ့နေရာမျိုးမှာ ကျွန်တော်တို့ ဂိုးတွေသွင်းပြီး ပြန်လာနိုင်တာက အရမ်းကောင်းပါတယ်။ ဒီနေရာကနေ တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

အာဆင်နယ်က တခြားနေရာတွေမှာ ရလဒ်တွေထက် သူတို့ကိုယ်သူတို့ ဆက်လက်အာရုံစိုက်နေမယ်ဆိုရင် ကောင်းတဲ့အရာတွေ ရောက်လာလိမ့်မယ်လို့ မာရီနိုက ယုံကြည်နေပါတယ်။
"တကယ်တော့ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် အာရုံစိုက်ရပါမယ်။ အဲဒါက ပွဲတွေကို အနိုင်ရဖို့ ကြိုးစားရမှာပါ"
"အဲဒါနဲ့ဝေးကွာနေတဲ့အရာတွေက ကျွန်တော်တို့မထိန်းချုပ်နိုင်တဲ့အရာမို့ ထိန်းချုပ်နိုင်တဲ့အရာတွေကိုပဲ အာရုံစိုက်ပြီး ပွဲတိုင်းကို အစွမ်းကုန်ကြိုးစားရမှာပါ"
"ဒါဆို ဘာပဲဖြစ်ပါစေ ကိုယ့်ကိုကိုယ် အာရုံစိုက်ပြီး ကောင်းတဲ့အရာတွေ ရောက်လာမှာ သေချာပါတယ်" လို့ သူက ဆက်ပြောပါတယ်။

မာရီနိုက အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းက set-piece တွေအတွက် ကျေနပ်နေပြီး ပွဲချိန် မိနစ် ၅၀ မှာစပိန်သားရဲ့ ထောင့်ဘောကန်ချက်ကနေ ဂိုးပေါက်မှာ အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။
"ကျွန်တော်တို့ အများကြီး လေ့ကျင့်ထားပါတယ်။ ဒါဟာ ခေတ်သစ်ဂိမ်းမှာ တကယ်အရေးကြီးတဲ့အရာတစ်ခုပါ"
"ဂိုးသွင်းနိုင်တဲ့ ဂိုးပမာဏနဲ့ set-pieces တွေကနေ ရနိုင်တဲ့ အမှတ်ပမာဏတွေများပါတယ်။ အဲဒါကြောင့် အများကြီးလေ့ကျင့်ထားပါတယ်။ အဲဒါကို လေ့ကျင့်ပြီး ကြိုးစားအားထုတ်မှုနဲ့ စိတ်ဓာတ်အားလုံးကို အဲဒီအပေါ်မှာ ထားလိုက်တဲ့အခါ ပွဲတွေ ခြေစွမ်းပြသမှုတွေဖြစ်လာပါတယ်"
"ကျွန်တော်တို့က အဲဒီနေရာမှာ တိုက်စစ်သာမက ခံစစ်မှာပါ ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်ခဲ့ပါတယ်။ အဲဒီကဏ္ဍမှာ ကျွန်တော်တို့ဟာ ကြီးမားတဲ့အသင်းတစ်သင်းလို့ ထင်ပါတယ်။ တိုးတက်မှုအတွက် ကျန်သေးတယ်လို့လည်း ကျွန်တော်ထင်ပါတယ်" လို့ သူက ပြောပါတယ်။

သူ့ရဲ့အောင်ပွဲခံပုံနှင့်ပတ်သက်ပြီး မာရီနိုက "ယူရိုမှာလည်း မြင်ဖူးမယ်ထင်ပါတယ်။ အကျော်ကြားဆုံးအချိန်ဖြစ်ခဲ့ပါတယ်"
"ဒါပေမယ့် ဟုတ်ပါတယ် ကျွန်တော် ဒီလိုမျိုးလုပ်နေတာကြာပြီ။ ကျွန်တော့်အဖေက ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော့်အဖွားအတွက် အဲဒီလို လုပ်ဖူးပါတယ်"
"ဒါက အဖေကို ရိုသေလေးစားတဲ့ပုံစံနဲ့ သူ့ကို ဘယ်လောက်ချစ်ပြီး လေးစားတယ်ဆိုတာ ပြသတဲ့အရာပါပဲ" လို့ ရှင်းပြပါတယ်။