The network connection is lost.

Banner Image

ဝမ်နရီကို မက်ဆီနဲ့ နှိုင်းယှဉ်မှုအပေါ် တုံ့ပြန်လိုက်တဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ မီကယ်အာတီတာကတော့ အသက် ၁၇ နှစ်အရွယ် ကစားသမားလေး အီသန်ဝမ်နရီကို လက်စတာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တာကြောင့် ဘောလုံးလောကရဲ့ ဂန္တဝင်ကစားသမား လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေအပေါ် တုံ့ပြန်ခဲ့ပါတယ်။

ဝမ်နရီဟာ ဂိုးတစ်ဂိုးဖန်တီးပေးခဲ့ပြီး သူ့ရဲ့ အတိုးအလှုပ်တွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဂျိုးကိုးလ်ကလည်း ဝမ်နရီနေရီကို မက်ဆီနဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။ TNT Sports မှာ ကိုးလ်က "ဒီလိုမျိုး ဘောလုံးထိန်းချုပ်ကစားပုံက လီယွန်နယ် မက်ဆီနဲ့တူတယ်။ သူ့ကို ဖိအားတွေပိုမပေးချင်ပေမယ့် နောက်ခြေထောက်ကနေ ဘောလုံးကို ထိန်းချုပ်ကစားပုံ၊ ခံစစ်ကစားသမားတွေကို ဆွဲဆောင်ပြီး ခြေချော်အောင်လုပ်နိုင်စွမ်းက ထူးချွန်တယ်။ 

အရမ်းကို ယုံကြည်မှုရှိရှိ ကစားနိုင်တဲ့ ကစားသမားကောင်းတစ်ယောက်ပါ။ အာဆင်နယ်အသင်းနဲ့ အာတီတာတို့က သူ့ကို ကာကွယ်ပေးဖို့လိုတယ်။ ဒီနေ့မှာ ၆၀၊ ၇၀ မိနစ်လောက်ပဲ ကစားစေချင်ခဲ့ကြမှာပါ" လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုနှိုင်းယှဉ်ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး အာတီတာကတော့ ဝမ်နရီရဲ့ အလားအလာကို အလေးထားပြီး သူ့ရဲ့ ခြေစွမ်းကို အကဲဖြတ်သွားမှာဖြစ်ပြီး စိတ်လှုပ်ရှားမှုတွေမရှိဘဲ တည်ငြိမ်စွာ တုံ့ပြန်ခဲ့ပါတယ်။ 

"သူ့ကို ကစားခွင့်ပေးလိုက်ပါ။ သူက အန္တရာယ်ရှိတဲ့ ကစားသမားကောင်းတစ်ယောက်ပါပဲ"လို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာတီတာက ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ နှိုင်းယှဉ်တာက ချီးကျူးစကားဖြစ်ပေမယ့် အာတီတာနဲ့ အာဆင်နယ်အသင်းကတော့ ဒီကစားသမားလေးကို ဖိအားမပေးဘဲ သူ့ရဲ့ ခြေစွမ်းအတိုင်း တိုးတက်လာအောင် စောင့်ကြည့်သွားမှာပါ။ အာဆင်နယ်အသင်းကတော့ လက်စတာကို အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ဇယားထိပ်က လီဗာပူးနဲ့ ၄ မှတ်အကွာမှာရှိနေပါတယ်။

ရှေ့ဆက်ပြီး ဝမ်နရီကတော့ လာမယ့်သီတင်းပတ် ဝက်စ်ဟမ်းအသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းတွေ ဆက်လက်ပြသသွားဖို့ မျှော်လင့်နေပါတယ်။