The network connection is lost.

Banner Image

ရာသီမကုန်ခင်မှာတင် ကြံ့ခိုင်မှုပြဿနာရှိနေတဲ့ အာဆင်နယ်စတား

အာဆင်နယ်အသင်းကွင်းလယ်လူ ဒီကလန်ရိုက်စ်တစ်ယောက် ကြံ့ခိုင်မှုပြဿနာရှိနေတယ်လို့ သိရပြီး လက်ကျန်ပွဲစဉ်တွေအတွက် မသေချာသေးတာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ အာဆင်နယ်အသင်းရဲ့လီဗာပူးအသင်းနဲ့ပွဲလူစာရင်းမှာ မပါဝင်လာခဲ့ပဲ အနားယူခဲ့ရပါတယ်။ သူမပါဝင်နိုင်မှုကြောင့် အာဆင်နယ်အနေနဲ့ ရုန်းကန်ခဲ့ရပေမယ့် အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲတုန်းက မိနစ် ၉၀ ပြည့်ပါဝင်ခဲ့တဲ့ ဒီကလန်ရိုက်စ်အခြေအနေနဲ့ပတ်သက်ပြီး အာတီတာက “ဒီကလန်တစ်ယောက် ဒဏ်ရာအခြေအနေကြောင့် လေ့ကျင့်ခန်းတောင် မဆင်းနိုင်ပါဘူး။ ကံမကောင်းစွာနဲ့ သူမပါဝင်နိုင်ခဲ့ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒုတိယနေရာမှာ ဆက်ရှိနေပေမယ့် နယူးကာဆယ် ၊ ဆောက်သမ်တန်တို့နဲ့ကန်ရဦးမှာဖြစ်ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့အဆိုအရ “ရိုက်စ်က တံကောက်ကြောဒဏ်ရာပြဿနာကို သက်သာအောင်လုပ်နေရတာပါ။ အသင်းဘက်က အဆိုပါဒဏ်ရာအခြေအနေမဆိုးဝါးဖို့ မျှော်လင့်နေပြီး ဆေးအဖွဲ့ဘက်က မလိုအပ်ပဲ ထည့်မသုံးဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ဖော်ပြခဲ့ပါတယ်။

တူချယ်ကလည်း ရိုက်စ်ရဲ့ကြံ့ခိုင်မှုအခြေအနေကို စောင့်ကြည့်နေပြီး လာမယ့်ဇွန်လမှာ အင်္ဂလန်အသင်းဟာ အန်ဒိုရာနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၊ ဆီနီဂေါနဲ့ ခြေစမ်းပွဲ ကန်ရမှာဖြစ်ပါတယ်။