အင်တာမီယာမီက အကောင်းဆုံးပြန်လာမယ်လို့ ပြောကြားလိုက်တဲ့ မက်ဆီ
၂၀၂၄ ကမ်ပိန်အတွက် MLS MVP ဆုကိုရရှိပြီးနောက် အင်တာမီယာမီက လာမယ့်ရာသီတွင် ပိုမိုအားကောင်းစွာဖြင့် ပြန်လာမယ်လို့ လီယွန်နယ်မက်ဆီက အခိုင်အမာပြောကြားခဲ့ပါတယ်။
ဘော်လွန်းဒီအော် ၈ ကြိမ်ရရှိခဲ့သူ မက်ဆီဟာ စံချိန်တင် ၇၄ မှတ်ဖြင့် မီယာမီကို ကလပ်ရဲ့ပထမဆုံး Supporters' Shield ချန်ပီယံဆုကို ရယူပေးခဲ့ပြီးနောက် အဆိုပါဆုတံဆိပ်ကို ရရှိခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု ၃၂ ကြိမ် (သွင်းဂိုး ၂၁ ဂိုး၊ ဂိုးဖန်တီးမှု ၁၁ ကြိမ်) ပြုလုပ်ထားသော်လည်း Eastern Conference playoffs တွင် အတ္တလန္တာယူနိုက်တက်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာက မီယာမီအတွက် ရာသီအဆုံးတွင် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် အာဂျင်တီးနားအသင်းခေါင်းဆောင်က သူနဲ့သူ့ရဲ့အသင်းဖော်တွေဟာ နည်းပြအသစ်ဖြစ်တဲ့ ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဖော်ဟောင်း မာရှေယာနို လက်ထက် ၂၀၂၅ ခုနှစ်မှာ အကောင်းဆုံးပြန်လာမယ်လို့ ကတိပြုခဲ့ပါတယ်။
"စနေနေ့ MLS Cup ဖိုင်နယ်မှာ ကစားခွင့်ရရင် ဒီဆုကို လိုချင်ပါတယ်"
"ဒါပေမယ့် ဘောလုံးပွဲက နေ့တိုင်း ကိုယ်ကိုတိုင် ကျော်လွှားဖို့ပါပဲ။ ဒီနှစ် MLS ချန်ပီယံဖြစ်ဖို့ ကြီးမားတဲ့ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။ မဖြစ်ခဲ့ဘူး ဒါပေမယ့် နောက်နှစ်မှာ ထပ်ကြိုးစားကာ ပိုအားကောင်းလုပ်မှာပါ" လို့ မက်ဆီက Chase Stadium မှာ ကျင်းပတဲ့ အထူးပွဲအတွင်း မီယာမီရဲ့ အကယ်ဒမီ ကစားသမားတွေကို ပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ခရစ္စတီယန်ဂိုးမက်ဇ် (၂၀၀၆)၊ ရှ့လော့တို (၂၀၀၈)၊ ဒီယေဂိုဗယ်လာရီ (၂၀၁၇) နှင့် လူစီယာနို အက်စ်ကော့တာ (၂၀၂၂) တို့ပြီးနောက် ဆုရရှိသည့် ပဉ္စမမြောက် အာဂျင်တီးနားနိုင်ငံသား ဖြစ်လာခဲ့ပါတယ်။