စာချုပ်သစ်အတွက် မသေချာသေးတဲ့ လီဗာပူးစတား ဒီယက်ဇ်
သတင်းတွေအရ လီဗာပူးအသင်းတောင်ပံကစားသမား ဒီယက်ဇ်တစ်ယောက် အသင်းနဲ့စာချုပ်သစ်ဆွေးနွေးနေတာမသေချာသေးဘူးလို့ သိရပါတယ်။
ကိုလံဘီယာသားဘက်ကတော့ လီဗာပူးအနေနဲ့ အခုကမ်းလှမ်းတဲ့အနေအထားထက် ပိုမြင့်မားတဲ့စာချုပ်သစ်တစ်ရပ်ကမ်းလှမ်းဖို့ အလိုရှိနေတာဖြစ်ပါတယ်။
လာမယ့်အပတ်တွေမှာ ဆက်လက်ဆွေးနွေးဖြစ်မယ်ဆိုရင် အခြေအနေက တိုးတက်လာဖွယ်ရှိနေပါတယ်။ ဒီယက်ဇ် နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ မှာကုန်ဆုံးမှာဖြစ်ပြီး သတင်းတွေအရ ဒီယက်ဇ်အနေနဲ့ စာချုပ်သက်တမ်းမကုန်ခင်မှာတောင် ထွက်ခွာဖွယ်ရှိနေပါတယ်။
ပီအက်စ်ဂျီ နဲ့ ဘာစီလိုနာတို့ကတော့ လီဗာပူးစတားအခြေအနေကို စောင့်ကြည့်နေသလို စွယ်စုံရတဲ့အနေအထားမှာ အသင်းတော်တော်များများကလည်း အလိုရှိနေကြပါတယ်။
ဒီယက်ဇ်ဟာ ၂၀၂၂ တုန်းက ပေါ်တိုအသင်းထံကနေ လီဗာပူးအသင်းထံပြောင်းလာခဲ့တာဖြစ်ပြီး ဒီရာသီအသင်းအတွက် ၁၂ ပွဲမှာ ၅ ဂိုးသွင်း ၊ ၂ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။