အာဆင်နယ်အသင်းဖော်တစ်ဦးကို ချီးကျူးလိုက်တဲ့ မာတီနယ်လီ
အာဆင်နယ်တောင်ပံကစားသမား မာတီနယ်လီက ဘင်ဝှိုက်ဟာ စစ်သည်တော်တစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောကြားလိုက်ပြီး အခြားအသင်းတွေလည်း ဘင်ဝှိုက်လို ကစားသမားမျိုးအသင်းမှာရှိစေချင်နေလောက်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ဝှိုက်ဟာ ကြာသပတေးနေ့တုန်းကူ အာဆင်နယ်နဲ့ ကာလရှည်စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး အာတီတာတို့နဲ့ ပျော်ရွှင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ အသက် ၂၆ နှစ်သားဟာ ဗဟိုခံစစ်မှူးအဖြစ် ကစားနိုင်သလို ညာနောက်ခံလူအဖြစ်လည်း ကစားနိုင်ကာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။
ဘင်ဝှိုက်ဟာ နေရာအသစ်မှာ အထိုင်ကျနေပြီး ဆာကာနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ အလန်ရှီးယားကလည်း ဘင်ဝှိုက်ဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှာ အရေးပါတဲ့သူဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ၂ ဂိုး မဖန်တီးနိုင်ခင် ရှက်ဖီးလ်ကို ၆ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲမှာလည်း ဝှိုက်ဟာ ၁ ဂိုး သွင်းယူနိုင်ခဲ့ကာ စာချုပ်သစ်နဲ့ထိုက်တန်တယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်။
“ဘင်တစ်ယောက် အသင်းမှာ ဆက်ရှိနေမှာက သတင်းကောင်းပါ။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့သူဖြစ်သလို နိုင်လိုစိတ်ပြင်းထန်တဲ့ ထိပ်တန်းကစားသမားတစ်ဦးပါ။ ဘင်ရဲ့အရည်အသွေး ၊ ဆုံးဖြတ်ချက်ပြတ်သားမှု ၊ အာရုံစူးစိုက်မှုတွေက အရေးပါပါတယ်။ ဒါ့အပြင် သူ့မှာလူသားတစ်ဦးအနေနဲ့ ကောင်းမွန်တဲ့ စရိုက်လက္ခဏာလည်းရှိပါတယ်။ ကျွန်တော်တို့ ဘင်ဝှိုက်နဲ့အတူ လာမယ့်နှစ်တွေမှာ အတူတူဆက်လက်တွဲချင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဖော်တော်တော်များများကလည်း ဘင်ဝှိုက်ကို လူမှုမီဒီယာအကောင့်တွေကနေ ချီးကျူးပြောကြားခဲ့ကြပါတယ်။ “အသင်းမှာရှိတဲ့ သူတိုင်း ဘင်ဝှိုက်ကို ချစ်ကြပါတယ်။ သူက စစ်သည်တော်တစ်ဦးပါ”လို့ မာတီနယ်လီက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်း ခေါင်းဆောင် အိုဒီဂတ်ကလည်း ဘင်ဝှိုက်အကြောင်း ချီးကျူးပြောကြားခဲ့သေးတာဖြစ်ပါတယ်။