The network connection is lost.

Banner Image

တော့တင်ဟမ်ကွင်းလယ်လူ ဟိုဂျက်ကို အငှားနဲ့ခေါ်ယူလိုက်တဲ့ မာဆေးလ်

ပြင်သစ်လီဂူးဝမ်းကလပ် မာဆေးလ်ဟာ တော့တင်ဟမ်ကွင်းလယ်လူ ဟိုဂျက်ကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာလာခဲ့ပါတယ်။

ကလပ်ရဲ့ဝက်ဘ်ဆိုက်ဒ်မှတစ်ဆင့် မာဆေးလ်က “တော့တင်ဟမ်ကွင်းလယ်ကစားသမား ဟိုဂျက်ကို အငှားနဲ့ခေါ်ယူကြောင်း ကြေညာနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ကလပ်အနေနဲ့ အသက်-၂၈ နှစ်အရွယ် ကစားသမားကို ဆေးစစ်ပြီးပါက အပြီးသတ်ဝယ်ယူနိုင်ခွင့် သဘောတူညီချက်နဲ့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်”လို့ ကြေညာခဲ့ပါတယ်။

ဒိန်းမတ်လက်ရွေးစင်ကစားသမားဟာ နိုင်ငံအသင်းအတွက် စုစုပေါင်း ၈၁ ပွဲအထိ ပါဝင်ကစားထားပြီး ပြီးခဲ့တဲ့ ၂၀၂၄ ယူရိုပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်နဲ့ပဲ ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ဟိုဂျက်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘွန်ဒက်စ်လီဂါအသင်းကြီးတစ်သင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်မှာ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အင်္ဂလန်ကလပ် ဆောက်သမ်တန်သို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဆောက်သမ်တန်မှာ ၄ နှစ်ကြာနေထိုင်ပြီးနောက် ၂၀၂၀ ခုနှစ်ဩဂုတ်လမှာတော့ ဟိုဂျက်ဟာ တော့တင်ဟမ်သို့ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၁၈၄ ပွဲအထိ ကစားခဲ့ပါတယ်။ မာဆေးလ်အနေနဲ့ ကစားသမားနဲ့သက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာကိစ္စရပ်တွေကို တရားဝင်ဖော်ပြခဲ့ခြင်းမရှိပေမယ့် အချို့အားကစားမီဒီယာတွေက ဟိုဂျက်ကို အပြီးသတ်ဝယ်ယူဖို့ဆိုရင် ယူရို ၁၃ သန်းဝန်းကျင်လောက် ကုန်ကျသွားမယ်လို့ ဖော်ပြထားကြပါတယ်။

နည်းပြသစ် ရော်ဘတ်တိုဒီဇာဘီသာမက ကွင်းလယ်ကစားသမား အစ္စမေးလ်ကိုနီ၊ နောက်ခံလူ လီလီယန်ဘရက်ဆီရာနဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း မေဆင်ဂရင်းဝုဒ်တို့ကို ခေါ်ယူထားခဲ့တဲ့ မာဆေးလ်အတွက် ဟိုဂျက်ဟာ ယခုနွေရာသီ နောက်ဆုံးခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။