
ဘရန့်ဖို့ဒ်ကိုသရေကျခဲ့ပြီးနောက် ချဲလ်ဆီးရဲ့အပြောင်းအလဲနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်တဲ့ မာရက်စ်ကာ
ဘရန့်ဖို့ဒ်ကို သရေကျခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အသင်းရဲ့အပြောင်းအလဲပိုင်းနဲ့ပတ်သက်ပြီး ကာကွယ်ပြောကြားလိုက်ပါတယ်။ အဆိုပါပွဲမှာ မာရက်စ်ကာက ဂျက်ဆင် နဲ့ ပယ်လ်မာတို့ကို အနားပေးခဲ့ပြီး ဒုတိယပိုင်းမှာမှ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အကြိမ် ၂၀ ကျော်လောက် ကန်ခွင့်ရခဲ့ပါတယ်။ ဂိုးရဖို့ပဲ လွဲချော်နေတာပါ။ ဒါပေမယ့် အားလုံးခြုံကြည့်ရင် တကယ်ကောင်းတဲ့စွမ်းဆောင်ရည်ပါ။ ကျွန်တော်တို့ ကြာသပတေးနေ့ညမှာ ကစားခဲ့ရပါတယ်။ ဒါကြောင့် ဒီနေ့ညမှာ အပြောင်းအလဲတစ်ခုလုပ်ခဲ့တာပါ။ အစီအစဉ်က အလုပ်ဖြစ်ခဲ့ပြီး ဂိုးပဲမရခဲ့တာပါ။ အားလုံးခြုံကြည့်ရင် ပြီးပြည့်စုံတဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီလိုပွဲတွေအတွက် ပြင်ဆင်ခဲ့တာပါ။ ကြာသပတေးနေ့ကကန်ခဲ့ရတာကြောင့် ကျွန်တော်တို့ နားချိန်သိပ်မရလိုက်ပါဘူး။ ကွင်းအလှည့်အပြောင်း ၊ ပွဲအလှည့်အပြောင်းအပြင် ကွင်းအနေအထားကလည်း ခြောက်သွေ့နေပါတယ်။ ဒါပေမယ့် အားလုံးခြုံကြည့်ရင် ကျွန်တော်ပြောသလို ကျွန်တော်တို့အနိုင်ရဖို့ လုံလောက်ခဲ့ပါတယ်။ ကန်ချက်အကြိမ် ၂၀ ကျော်လောက်ရခဲ့ပေမယ့် ဂိုးပဲမရခဲ့တာပါ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
အခုသရေပွဲကြောင့် ချဲလ်ဆီးအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အဆင့် ၄ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ နောက်ဆုံးပရီးမီးယားလိဂ် ၉ ပွဲမှာ ၄ ပွဲသာအနိုင်ရရှိခဲ့ပြီး ဇန်နဝါရီကတည်းက ပယ်လ်မာတစ်ယောက် ဂိုးမရသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ လာမယ့်ကြာသပတေးနေ့ညမှာ ဝါဆောအသင်းနဲ့ ကွန်းဖရန့်လိဂ်ကွာတားဖိုင်နယ်ကန်ရမှာဖြစ်ပြီး အဲ့နောက် လာမယ့်စနေနေ့မှာ အစ်ဝှစ်တောင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။