The network connection is lost.

Banner Image

ဆဲလ်တစ်ကိုအရေးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးရဲ့အခြေအနေကို သုံးသပ်လိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဆဲလ်တစ်ကို ၄-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် အသင်းရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အဓိကကျခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆဲလ်တစ်အသင်း ပထမပိုင်းမပြီးခင် ၂ ဂိုးမသွင်းခင် ပွဲကစားချိန် ၁၀ မိနစ်အတွင်းမှာ အခွင့်အရေးကောင်း ၃ ကြိမ်လောက်အထိ ရရှိခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးအသင်းက အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် အခွင့်အရေးတွေအသုံးမချနိုင်ခဲ့ပဲ ဆဲလ်တစ်ကသာ ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ချဲလ်ဆီးအတွက် တစ်လုံးတည်းသော ချေပဂိုးကို အန်ကူကူက သွင်းယူပေးခဲ့ပြီး ကန်ချက် ၂၃ ကြိမ်အထိ ရှိခဲ့ပေမယ့် ဆဲလ်တစ်ဘက်က ၁၄ ကြိမ်သာရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်ဂျာရဲ့အသင်းဟာ ရလာတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပါတယ်။ အခုပွဲက ဆဲလ်တစ်အတွက် ၅ ပွဲမြောက်ခြေစမ်းပွဲဖြစ်ပြီး ပြီးခဲ့တဲ့မန်စီးတီးနဲ့ပွဲတုန်းကလည်း ၄-၃ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

မာရက်စ်ကာအတွက်တော့ အခုပွဲက ချဲလ်ဆီးအသင်းကိုကိုင်တွယ်တဲ့ဒုတိယမြောက်ပွဲဖြစ်လာခဲ့ပြီး ချဲလ်ဆီးအသင်းကစားသမားတော်တော်များများ ကာလရှည်အနားယူခဲ့ရပြီးနောက် ကြံ့ခိုင်မှုပြည့်ဝ်ဖို့ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။

“ရလဒ်တွေက အမြဲတမ်းအရေးပါပါတယ်။ ဒါပေမယ့် သေချာတာက အခုလိုအခိုက်အတန့်မှာ ကျွန်တော်တို့ပွဲအပေါ်မှာ သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဘောလုံးကိုင်ထားချိန်မှာ ကျွန်တော်တို့ Wrexham နဲ့ပွဲမှာ အကောင်းဆုံးဖြစ်ခဲ့သလို ပထမပိုင်းကော ဒုတိယပိုင်းမှာပါ အခွင့်အရေးကောင်းတွေအများကြီးရခဲ့ပါတယ်။

ဘောလုံးမပါတဲ့အနေအထားတွေမှာတော့ ကျွန်တော်တို့ တိုးတက်ဖို့ လိုအပ်နေတာတွေရှိနေပါသေးတယ်။ တစ်ချို့အချိန်တွေမှာ ကျွန်တော်တို့ စိတ်ရှုပ်ထွေးတာကို မြင်နိုင်မှာပါ။ ကျွန်တော်တို့ အခုထက်ပိုတဲ့ပွဲကစားချိန် လိုအပ်ပါတယ်။

ကျွန်တော်တို့ တော်တော်တော်များများကြိုးစားနေပါတယ်။ ကျွန်တော်တို့ အရာအားလုံးတော့ ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စတင်တာ ၁၅ ရက်ကနေ ရက် ၂၀ လောက်ပဲရှိပါတယ်။ 

၅ မိနစ်အပြီးမှာ ကျွန်တော်တို့ ဂိုးတစ်ဂိုးရဖို့ အခွင့်အရေး ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ်လောက်ရခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းလာခဲ့ပါတယ်။

၇၅ မိနစ်မတိုင်ခင်အထိ ကျွန်တော်တို့ ကန်ချက်ခွင့်မပြုခဲ့ရပါဘူး။ အဲ့နောက် တတိယဂိုးပေးလိုက်ရပြီး အဲ့တာက ပိုခက်ခဲသွားစေပါတယ်။

ကျွန်တော့်အတွက် ဒီပွဲမှာနားလည်လိုက်တာက ဆဲလ်တစ်က ကျွန်တော်တို့ထက် ရုပ်ပိုင်းဆိုင်ရာပိုကောင်းနေတယ်ဆိုတာပါပဲ။ သူတို့ ၄ ပွဲလောက်ကန်ထားပြီးပြီဆိုတာ ခင်ဗျားလည်းသိမှာပါ။

မကြာခင်မှာလည်း သူတို့ဘောလုံးရာသီစတင်တော့မှာပါ။ ကျွန်တော်တို့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာမှာ အနည်းငယ်ရုန်းကန်နေရပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီကြိုခြေစမ်းပွဲတွေအဖြစ် မန်စီးတီး ၊ ရီးရဲလ်တို့နဲ့မရင်ဆိုင်ခင် အတ္တလန္တာမှာ ကလပ်အမေရိကနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။