The network connection is lost.

Banner Image

ဥရောပထိပ်တန်းအသင်းတွေနဲ့ ဆွေးနွေးနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ကိုယ်စားလှယ်များ

သတင်းတွေအရ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ရဲ့ကိုယ်စားလှယ်တွေဟာ ဥရောပထိပ်တန်းအသင်းတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့အကို နဲ့ အေးဂျင့်ဖြစ်သူ မေနာ့ချ်ကတော့ ဗုဒ္ဓဟူးနေ့တုန်းက ဂျူဗင်တပ်စ်အသင်းနဲ့ တရားဝင်ဆွေးနွေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ့မွန်အသင်းအားကစားဒါရိုက်တာ မစ်လင်တက်ခ်နဲ့လည်း ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဒေါ့မွန်ဘက်က အင်္ဂလန်သားကို ဆန်ချိုတုန်းကအတိုင်း အငှားနဲ့ခေါ်ယူချင်နေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ယူနိုက်တက်ကနေထွက်ခွာပြီး စိန်ခေါ်မှုအသစ်တွေရှာဖွေချင်တယ်လို့ ထုတ်ဖော်ပြောကြားထားခဲ့တာဖြစ်ပါတယ်။

မေနာ့ချ်ကတော့ အင်္ဂါနေ့တုန်းက အီတလီကလပ် အေစီမီလန်အသင်းနဲ့ဆွေးနွေးနေပါတယ်။ တိုင်းမ်စ်သတင်းဌာနရဲ့အဆိုအရ အေစီမီလန်အတွက် ရက်ရှ်ဖို့ဒ်ရဲ့လုပ်ခလစာက အတားအဆီးဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုအပြောင်းအရွှေ့ကိုမဆို ယူနိုက်တက်ဘက်က ကစားသမားရဲ့လုပ်ခလစာကို အချိုးကျပေးချေသွားဖွယ်ရှိနေပါတယ်။

လက်ရှိ ရက်ရှ်ဖို့ဒ်တစ်ယောက် ယူနိုက်တက်မှာ တစ်ပတ်ကို ပေါင် ၃၂၅၀၀၀ လောက်ရရှိနေပါတယ်။ အေစီမီလန်ရဲ့လုပ်ခလစာအမြင့်ဆုံးကစားသမားအဖြစ် မိုရာတာက တစ်ပတ်လုပ်ခပေါင် ၁ သိန်းခွဲနဲ့ရပ်တည်နေပါတယ်။ ကိုမိုအသင်းကလည်း ရက်ရှ်ဖို့ဒ်ကို စိတ်ဝင်စားနေပြီး ဗာရာနီကနေတစ်ဆင့် ချိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။ ပြင်သစ်သားဟာ ကိုမိုအသင်းဘုတ်အဖွဲ့ထံမကြာသေးခင်က ပြောင်းလာခဲ့တာဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း တော့တင်ဟမ်အသင်းက အင်္ဂလန်သားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဘက်က ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ လောက်ရမယ်ဆိုရင် ရောင်းထုတ်သွားဖွယ်ရှိနေပါတယ်။ အာမိုရင်လက်အောက်မှာ ရက်ရှ်ဖို့ဒ်ဟာ နေရာပျောက်လာခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက် ပွဲထွက်ခွင့်မရခဲ့တာဖြစ်ပါတယ်။

ကစားသမားကိုယ်တိုင်က သူ့အနေနဲ့ စိန်ခေါ်မှုအသစ်တွေရှာဖွေဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့လက အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ ယူနိုက်တက် နဲ့ ရက်ရှ်ဖို့ဒ်ကြား စာချုပ်သက်တမ်းက ၂၀၂၈ အထိ ကျန်ရှိနေပြီး ခေါ်ယူမယ့်အသင်းတွေအနေနဲ့ ကစားသမားရဲ့လုပ်ခလစာကြောင့် စဉ်းစားနေတာဖြစ်ပါတယ်။