ဆော်ဒီမြေက ကြီးမားတဲ့ကမ်းလှမ်းမှု ၃ ခုကို ပယ်ချခဲ့တဲ့ ယူနိုက်တက်စတား
သတင်းတွေအရ ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်တစ်ယောက် ဆော်ဒီမြေက ကြီးမားတဲ့ကမ်းလှမ်းမှု ၃ ခုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့် အသက် ၂၇ နှစ်သားက သူ့အတွက် အဆင်ပြေမယ့်လိဂ်ကိုသာပြောင်းချင်နေသလို လာမယ့်အင်္ဂလန်အသင်းရဲ့လူစာရင်းမှာလည်း ပါဝင်ချင်နေပါတယ်။ Daily Mail သတင်းဌာနရဲ့အဆိုအရ ရက်ရှ်ဖို့ဒ်ဟာ ဆော်ဒီကလပ် ၃ ခုက ကမ်းလှမ်းမှုကို ပယ်ချခဲ့ပီး အဲ့ထဲမှာ တစ်ပတ်လုပ်ခလစာ ၃၁၅၀၀၀ အပြင် တစ်နှစ်ကို ပေါင် ၃၅ သန်းအထိရရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အင်္ဂလန်သားဟာ တူရကီမြေကိုပြောင်းဖို့လည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ အဆိုပါဆုံးဖြတ်ချက်တွေကြောင့် ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက်သာ အာရုံစိုက်ထားပြီး တူချယ်လက်အောက်မှာ ပါဝင်ချင်နေပါတယ်။သူ့ရဲ့နောက်ဆုံးအင်္ဂလန်အသင်းကစားသမားဘဝက မတ်လတုန်းက ဘရာဇီးအသင်းနဲ့ ခြေစမ်းပွဲမှာ ပါဝင်ခွင့်ရရှိခဲ့တာဖြစ်ပြီး ယူရို ၂၀၂၄ မှာတော့ ထုတ်ပယ်ခံခဲ့ရပါတယ်။
ယူနိုက်တက်ဘက်ကတော့ အခုလထဲမှာ ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီး အငှားလည်း ချထားဖို့ ပြင်ဆင်နေပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့တာဝန်ရှိသူတွေဖြစ်တဲ့ မေနာ့ဒ် နဲ့ ဒိန်းတို့ကတော့ ကစားသမားရဲ့ရည်မှန်းချက်ကိုသာ ဦးစားပေးဖွယ်ရှိနေပြီး ရေရှည်အဆင်ပြေမယ့်အသင်းကိုသာ လက်ခံဖွယ်ရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းရဲ့နောက်ဆုံး ၅ ပွဲကို လွဲချော်ခဲ့သလို နယူးကာဆယ်နဲ့ပွဲမှာလည်း အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ကစားခွင့်မရခဲ့တာဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ပါဝင်လာမလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။ အာမိုရင်အတွက်တော့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ချရဖွယ်ရှိနေပြီး ရက်ရှ်ဖို့ဒ်ဟာ လီဗာပူးအသင်းနဲ့တွေ့ဆုံထားရာမှာ ၇ ဂိုးထိ သွင်းယူထားနိုင်ခဲ့သလို ဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။