The network connection is lost.

Banner Image

အသင်းဘက်က မှတ်ပုံတင်နိုင်ဖို့ ငွေကြေးရှာဖွေနိုင်မယ်လို့ ယုံကြည်နေတဲ့ ဘာစီလိုနာစတား

ဘာစီလိုနာစတားသစ် ရက်ရှ်ဖို့ဒ်က အသင်းအနေနဲ့ သူ့ကိုမှတ်ပုံတင်နိုင်ဖို့ လိုအပ်တဲ့ငွေကြေးတစ်ရပ်ရှာဖွေနိုင်မယ်လို့ ယုံကြည်နေပြီး ဂိုး ၁၀၀ သွင်းနိုင်ဖို့ ပစ်မှတ်ထားထားတယ်လို့ နောက်ပြောင်လိုက်ပါတယ်။ အင်္ဂလန်သားဟာ ဘာစီလိုနာအသင်းထံ ကနဦးအငှားနဲ့ ယူနိုက်တက်ထံကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာဟာ ယာမဲလ် ၊ လီဝန်ဒေါစကီး ၊ ရာဖင်ဟာတို့နဲ့ တွဲဖက်ကစားရမှာကြောင့် ပျော်ရွှင်နေပါတယ်။

အသက် ၂၇ နှစ်သားဟာ ရာသီကြိုခြေစမ်းပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ဘာစီလိုနာအနေနဲ့ ရာသီသစ်မစခင်မှာ မှတ်ပုံတင်နိုင်ဖို့ လိုအပ်နေပါတယ်။ ဘဏ္ဍာရေးပိုင်းရုန်းကန်ခဲ့ရတာကြောင့် ဘာစီလိုနာဟာ ယခင်တုန်းကလည်း အိုလ်မိုကို မှတ်ပုံတင်နိုင်ဖို့ နောက်ကျခဲ့ပါတယ်။ အခုလည်း ရက်ရှ်ဖို့ဒ်ကို မှတ်ပုံတင်နိုင်ဖို့ အခက်အခဲဖြစ်နေပြီး ကစားသမားဘက်ကတော့ မကြာခင်မှာ အဖြေရှာနိုင်မယ်လို့ ယုံကြည်နေပါတယ်။

“အသင်းဘက်က ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့တာဖြစ်လာလိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ လက်ရှိမှာ ရာသီသစ်အတွက် လေ့ကျင့်ခန်းဆင်းဖို့ပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော် ဂိုး ၁၀၀ သွင်းဖို့ ပစ်မှတ်ထားသလို လုပ်နိုင်သမျှလုပ်ဆောင်ဖို့လည်း ပစ်မှတ်ထားနေပါတယ်။ အခြားတိုင်းပြည်တစ်ခုမှာကစားရတာ ခြားနားနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော် စိန်ခေါ်မှုတွေကို လက်ခံပြီး ဖြစ်နိုင်သမျှဂိုးတွေသွင်းချင်ပါတယ်”လို့ ရက်ရှ်ဖို့ဒ်က အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မတူညီတဲ့နေရာမှာတွေကစားနိုင်မယ်လို့ ပြောကြားလိုက်ပြီး နေရာစုံကနေ ဂိုးသွင်းချင်နေကာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ ပစ်မှတ်ထားနေပါတယ်။