The network connection is lost.

Banner Image

အသင်းစတားအတွက် တန်ကြေးတစ်ရပ်သတ်မှတ်လိုက်တဲ့ ယူနိုက်တက်

သတင်းတွေအရ ယူနိုက်တက်ဟာ ချဲလ်ဆီးလိုချင်နေတဲ့ တောင်ပံကစားသမား ဂါနာချိုအတွက် ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဂါနာချိုရဲ့အနာဂတ်အခြေအနေက မသေချာသေးတာဖြစ်ပါတယ်။ အာဂျင်တိုင်းသားဟာ အာမိုရင်ရဲ့ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ရလို့ စိတ်ပျက်နေပြီး ပွဲကစားချိန် ၇၁ မိနစ်မှာမှ မေဆင်မောင့်နေရာမှာ လူစားဝင်ခွင့်ရရှိခဲ့ပါတယ်။

“ဖိုင်နယ်မတိုင်ခင် ကျွန်တော်ပွဲတိုင်းပါဝင်ကစားခဲ့သလို အသင်းကိုလည်း ကူညီပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော် မိနစ် ၂၀ ပဲကစားခဲ့ရပါတယ်။ ကျွန်တော်မသိတော့ပါဘူး။ ဖိုင်နယ်က ကျွန်တော့်ဆုံးဖြတ်ချက်ကို လွှမ်းမိုးနေမှာပါ။ ဒါပေမယ့် တစ်ရာသီလုံးနီးပါး အသင်းအခြေအနေကိုလည်း မြင်မှာပါ။ ကျွန်တော် နွေရာသီကို ပျော်ရွှင်စွာဖြတ်သန်းပြီး ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရပါမယ်”လို့ ဂါနာချိုက ဖြေကြားခဲ့ပါတယ်။

ဖိုင်နယ်မတိုင်ခင် ဂါနာချိုက ပြီးခဲ့တဲ့နှစ်က အက်ဖ်အေဖလားဖိုင်နယ် နဲ့ ကွန်မြူနတီဖလားပွဲမှာ သူ့ရဲ့ဂိုးတွေနဲ့အောင်ပွဲခံတဲ့ပုံကို တင်ခဲ့ပါတယ်။ ဂါနာချိုရဲ့အကိုဖြစ်သူ ရောဘတ်တိုကလည်း ဖိုင်နယ်မှာ တော့တင်ဟမ်ကိုအရေးနိမ့်ပြီးနောက် အာမိုရင်ကို ဦးတည်ဝေဖန်ခဲ့ပါတယ်။ “သူ့လောက်အလုပ်ကြိုးစားတဲ့သူမရှိသေးပါဘူး။ အဆင့်တိုင်းကို သူကူညီပေးခဲ့သလို နောက်ဆုံးဖိုင်နယ် ၂ ကြိမ်မှာလည်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ ၁၉ မိနစ်လားပဲကန်ခွင့်ရခဲ့ပါတယ်”လို့ အကိုဖြစ်သူ ရောဘတ်တိုက တင်ခဲ့ပါတယ်။

အာမိုရင်ကတော့ ဂါနာချိုကို အရန်ခုံမှာထားခဲ့တဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားခဲ့ပါတယ်။ “ဒီအကြောင်းအရာကို ကျွန်တော်ဘယ်နကြိမ်ပြောရမှာလဲဗျာ။ အဲ့တာက ဆန့်ကျင်ဘက်လားဗျ?။ အချို့ကစားသမားတွေ ဥပမာ မေဆင်မောင့်လိုကစားသမားမျိုးဆို ဘီလ်ဘာအိုနဲ့ပွဲမှာ လူစားဝင်လာပြီး ပွဲအဖြေကို ပြောင်းလဲပေးခဲ့ပါတယ်။

အခုတော့ ပြောဖို့လွယ်ကူနေပါပြီ။ ဘီလ်ဘာအိုနဲ့ပွဲရဲ့ပထမပိုင်းမှာ  ဘယ်သူအခွင့်အရေးကောင်းကို လွဲချော်ခဲ့တာလဲ?။ မှန်ပါတယ်။ ဂါနာချိုပါ။ အခုတော့ အဲ့အကြောင်းပြောဖို့ လွယ်ကူပါပြီ”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။ ဂါနာချိုကို နာပိုလီအသင်းကလည်း စိတ်ဝင်စားနေပြီး တန်ကြေးကြောင့် သဘောတူညီမှုမရခဲ့တာဖြစ်ပါတယ်။ နာပိုလီဟာ ကာဗာစခီလီယာနေရာအတွက် ဂါနာချိုကို ချိတ်ဆက်ခဲ့ပေမယ့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

တယ်လီဂရက်ဖ်သတင်ဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ အခုနွေရာသီမှာ ဂါနာချိုကို ပေါင်သန်း ၆၀ ရရင် ရောင်းချမယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အန်တိုနီ ၊ ဆန်ချို ၊ ရက်ရှ်ဖို့ဒ်တို့ကိုရောင်းချရာကနေ ပေါင်သန်း ၉၀ လောက်ရမယ်လို့ မျှော်လင့်နေပါတယ်။ ဂါနာချို နဲ့ ယူနိုက်တက်တို့ကြား စာချုပ်သက်တမ်းက ၃ နှစ်နီးပါးကျန်နေသေးတာဖြစ်ပါတယ်။