The network connection is lost.

Banner Image

ရာသီကြိုခရီးစဉ်နဲ့ပတ်သက်ပြီး အတည်ပြုလာတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းကတော့ လာမယ့်နှစ်ရာသီကြိုခရီးစဉ်နဲ့ပတ်သက်ပြီး အတည်ပြုခဲ့သလို ပရီးမီးယားလိဂ်အပြီး အာရှဘက်မှာ ခြေစမ်းပွဲ ၂ ပွဲကန်မယ်လို့ ကြေညာလိုက်ပါတယ်။ ယူနိုက်တက်အမှုဆောင် အိုမာဘာရာဒါက ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် ဗီလာနဲ့ပွဲအပြီးမှာ အာရှဘက်ကို ခရီးထွက်မှာဖြစ်ပြီး ကွာလာလမ်ပူ နဲ့ ဟောင်ကောင်မှာ ခြေစမ်းပွဲတွေကန်မယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့မှာ ယူနိုက်တက်ဟာ ကွာလာလမ်ပူမှာ အာဆီယံ All Stars အသင်းကန်မှာဖြစ်ပြီး အဲ့နောက် မေလ ၃၀ ရက်နေ့ ဟောင်ကောင်မှာ ထပ်ကန်မှာဖြစ်ပါတယ်။ အခုထည့်တွက်ထားတဲ့အထဲမှာ ယူနိုက်တက်အနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မပါဝင်သေးတာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်ဟာ နောက်ထပ်ခြေစမ်းပွဲစဉ်တွေအဖြစ် အမေရိကမြေကို ဇူလိုင် နဲ့ သြဂုတ်လမှာသွားရောက်မှာဖြစ်ပြီး ဝက်စ်ဟမ်း ၊ ဘုန်းမောက် ၊ အဲဗာတန်တို့နဲ့ကန်မှာဖြစ်ကာ နယူးဂျာစီ ၊ ချီကာဂို ၊ အတ္တလန္တာတို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်ကတော့ အခုအာရှခရီးစဉ်ဟာ အာရှမှာရှိတဲ့ပရိသတ်တွေနဲ့ ယူနိုက်တက်ဝန်ထမ်းတွေ ၊ ကစားသမားတွေကြားမှာ ချိတ်ဆက်နိုင်မယ့်အခွင့်အရေးကောင်းလို့ ပြောကြားခဲ့ပါတယ်။ “အရေးကြီးတာတွေပါ။ ခြေစမ်းပွဲခရီးစဉ်တွေက အသင်းအတွက်အများကြီးအကျိုးရှိစေပါတယ်။ အဲ့တာကိုကျွန်တော်တို့ ကွင်းထဲမှာ ဆက်လက်ရင်းနှီးမြုပ်ဖို့ ကြိုးစားရပါမယ်”လို့ ဘာရာဒါက ပြောကြားခဲ့ပါတယ်။

တိုးမြှင့်လာတဲ့ပွဲစဉ်အနေအထားတွေကြောင့် ပရီးမီးယားလိဂ်ကစားသမားတွေ နဲ့ နည်းပြတွေက စိုးရိမ်ပူပန်မှုတွေမြင့်တက်နေချိန်မှာ ယူနိုက်တက်က အခုလိုမျိုးကြေညာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက နယူးကာဆယ် နဲ့ တော့တင်ဟမ်တို့ဟာ ရာသီကြိုခရီးစဉ်အဖြစ် ပရီးမီးယားလိဂ်ရာသီအပြီး ၃ ရက်အကြာမှာတင် သြစတြေးလျမှာ ခြေစမ်းပွဲကန်ခဲ့တာဖြစ်ပါတယ်။