The network connection is lost.

Banner Image

အမ်ဘာပေနဲ့ တွဲဖက်ကစားရတဲ့ အတွေ့အကြုံကို ရှင်းပြလိုက်တဲ့ မန်စီးတီးကြယ်ပွင့် ဘာနာဒိုဆေးလ်ဗား

မန်စီးတီးကွင်းလယ်လူဘာနာဒိုဆေးလ်ဗားက မိုနာကို အသင်းမှာ အမ်ဘာပေနဲ့ တွဲဖက်ကစားရတဲ့ အတွေ့အကြုံကို ပြန်ပြောင်းပြောပြလာပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့၊ မနက်ခင်းမှာပဲ ပီအက်စ်ဂျီ တိုက်စစ်မှူးက အခုလကုန်၊ သူ့ရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။

BBC Sport နဲ့တွေ့ဆုံချိန် ဘာနာဒိုဆေးလ်ဗားက “မိုနာကိုမှာကတည်းက အမ်ဘာပေက တမူထူးခြားနေတယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီကောင်လေး ထရိန်နင်ဆင်းဖို့ လေ့ကျင့်ရေးကွင်းဆီ ရောက်လာတာကို ကောင်းကောင်းမှတ်မိနေပါသေးတယ်။ သူ တော်တော်လေး ငယ်ပါသေးတယ်။ ကျွန်တော့်ရဲ့အကောင်းဆုံးမိတ်ဆွေတစ်ဦးဖြစ်တဲ့ ဂျာအိုမော်တင်ဟိုကတောင် အမ်ဘာပေရဲ့ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ်အပြီးမှာ ကျွန်တော့်ဆီလာပြီး အဲ့ဒီကောင်လေးက ဘယ်သူလဲ? သူက စပါယ်ရှယ်ပဲ၊ သူ့မှာ ထူးခြားတဲ့အရာအချို့ ရှိနေတယ်လို့ ပြောခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အမ်ဘာပေက အဲ့ဒီလိုထူးခြားအရည်အချင်းတွေကို အမှန်တကယ်ပိုင်ဆိုင်သွားခဲ့ပါပြီ။ သူ လုံးဝမရှက်ပါဘူး။ အသက်-၁၆ နှစ်ပဲ ရှိသေးပေမယ့် လူကြီးတွေနဲ့အတူ လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ ဘယ်သူမှတော့ ကိုယ့်ထက်ဝါရင့်တဲ့စီနီယာတွေကို အရှက်မခွဲချင်ကြပါဘူး။ ဒါပေမယ့် သူကတော့ အရာရာကို ဖျက်ဆီးပြခဲ့ပါတယ်။ သူ အရမ်းခြေစွမ်းပြနေလားဆိုတာတောင် ဂရုမစိုက်တော့ပါဘူး။ ဂိုးပဲ သွင်းချင်နေခဲ့တယ်။ ဒီလိုအရည်အချင်းတွေနဲ့ ပြည့်နှက်နေတဲ့ အသက် ၁၆,၁၇,၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ရှာဖွေဖို့ဆိုတာ မလွယ်ကူလှပါဘူး”လို့ ပြောပါတယ်။