ဆော်ဒီပရိုလိဂ်မှ ကနဦးကမ်းလှမ်းမှုအပြီးတွင် အီဒါဆင်အတွက် ဈေးသတ်မှတ်လိုက်တဲ့ မန်စီးတီး
ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေဟာ ယခုနွေရာသီတွင်ဘဏ္ဍာရေးဆိုင်ရာအင်အားကို အားဖြည့်ရန်ကြိုးစားနေပြီး ဘရာဇီးကြယ်ပွင့်ဟာ အထင်ကြီးစရာကောင်းတဲ့ခေါ်ယူမှုတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂိုးသမားဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာကနေ ရောက်ရှိလာတာဖြစ်ပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရယူပေးခဲ့ပြီးကတည်းက အသင်းရဲ့ အောင်မြင်မှုတွေအတွက် အရေးပါတဲ့သူဖြစ်လာခဲ့ပါတယ်။ သူဟာ ဘရာဇီးလက်ရွေးစင် အသင်းနှင့်အတူ နံပါတ်တစ်နေရာအတွက် အလီဆင်နှင့်လည်း ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံအတွက် ၂၅ ပွဲ ကစားပေးထားတာပါ။
ဩဂုတ်လမှာ ကျရောက်လာမယ့် အီဒါဆင်ရဲ့ ၃၁ နှစ်မြောက် မွေးနေ့မှာ ထိပ်တန်းအဆင့်မှာ ကစားဖို့ အချိန်အတော်ကြာနေသေးပေမယ့် ပရီးမီးယားလိဂ်ကနေ ဆော်ဒီအာရေးဗျကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမန်နိုက မန်စီးတီးဟာ အယ်လ်နာဆာထံမှ ပထမဆုံး ယူရိုသန်း ၃၀ (ပေါင် ၂၅ သန်း) ကမ်းလှမ်းမှုကို စိတ်ဝင်စားခြင်းမရှိဘဲ ဂိုးသမားအတွက် အနည်းဆုံး ယူရိုသန်း ၅၀ (ပေါင် ၄၂ သန်း) ဖြင့်သာ ထွက်ခွာခွင့်ပြုမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။
အီဒါဆင်သည် ဆော်ဒီသို့ ပြောင်းရွှေ့ရန် သဘောတူညီခဲ့ပြီး ကလပ်အသင်း ၂ သင်းအကြား သဘောတူညီမှုရရှိရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်းကိုလည်း အဆိုပါသတင်းတွင် ဖော်ပြထားပါတယ်။ မန်စီးတီးဟာ သူတို့ရဲ့ ဂိုးသမားကို ဆက်ထိန်းထားဖို့ စိတ်အားထက်သန်နေပြီး လာမယ့်အပတ်မှာတော့ အသင်းမှာ ဆက်နေဖို့ ဆွဲဆောင်နိုင်ဖို့ ကစားသမားနဲ့ ဆွေးနွေးရန် ရည်ရွယ်ထားတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
အယ်လ်နာဆာဟာ ဘရာဇီးသားကို တစ်ပတ်လုပ်ခ ပေါင် ၉ သိန်းအထိပေးကာ မယုံနိုင်လောက်တဲ့လစားဖြင့် ကမ်းလှမ်းနေပြီး ချမ်းသာကြွယ်ဝတဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေကိုတောင် မယှဉ်နိုင်ဘူးလို့ သိရပါတယ်။ သို့သော်လည်း မန်စီးတီးကတော့ သူ့ရဲ့လက်ရှိလစာကို တစ်လ ပေါင် ၁ သန်းခန့် သိသိသာသာ တိုးမြှင့်ပေးမယ့် ကမ်းလှမ်းမှုကို လုပ်သွားဖို့လည်းရှိပါတယ်။
အကယ်၍ အီဒါဆင်ဟာ ဆော်ဒီသို့ ထွက်ခွာရန် ကြံရွယ်နေပါက မန်စီးတီးဘက်က တားဆီးမှာ မဟုတ်သလို အယ်လ်နာဆာကတော့ ပရီးမီးယားလိဂ်ကလပ် တောင်းဆိုထားတဲ့ဈေးကိုတော့ ပေးရမှာဖြစ်ပါတယ်။