The network connection is lost.

Banner Image

ခြေစမ်းပွဲမှာ ဘာစီလိုနာကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မန်စီးတီး

ယနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ချစ်ကြည်ရေး ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဘာစီလိုနာနဲ့ မန်စီးတီးတို့ဟာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၂-၂ နဲ့သရေကျနေခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာတော့ ဘာစီလိုနာက မန်စီးတီးကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဘာစီလိုနာဘက်ကို ထိုးဖောက်တိုက်စစ်ဆင်ခဲ့တဲ့ မန်စီးတီးဟာ ၁၅ မိနစ်မှာပဲ ဟာလန်းရဲ့ပိတ်သွင်းချက် ဂိုးဝင်ခဲ့ပေမယ့် ယခုပွဲစဉ်မှာ ဂိုးလိုင်းနည်းပညာနဲ့ VAR တပ်ဆင်ထားခြင်းမရှိတာကြောင့် ဂိုးအဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ ကံကောင်းထောက်မစွာ ဂိုးမပေးခဲ့ရတဲ့ မန်စီးတီးဟာ ပွဲကစားချိန် ၂၄ မိနစ်မှာတော့ ဦးဆောင်းဂိုးစတင်ရရှိခဲ့ပြီး လူငယ်ကစားသမားလေး ဗစ်တာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ၃၉ မိနစ်မှာတော့ မန်စီးတီးက ချေပဂိုးပြန်လည်ရရှိခဲ့ပြီး အိုရီလီက သွင်းယူပေးခဲ့ပါတယ်။ ထို့နောက် ပထမပိုင်းအတွင်းမှာပဲ ဘာစီလိုနာက ဦးဆောင်ဂိုးပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲကစားချိန် ၄၅+၂ မိနစ်မှာ တိုက်စစ်ကစားသမားလေး တော်ရီက ညာခြေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီးက ဟာလန်းကို ထုတ်ပယ်ခဲ့ပေမယ့် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး တောင်ပံကစားသမား ဂျက်ဂရီးလစ်ရှ်က တစ်ကိုယ်တော်ပြေးဆွဲပြီး ဘယ်ခြေနဲ့ ကန်သွင်းအဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဥရောပထိပ်သီးအသင်းကြီး ၂ သင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုက သရေနဲ့ အဆုံးသတ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရမှာ မန်စီတီးမှ ကယ်ဗင်ဖီးလစ်နဲ့ ယာကော့ဘ်ဝရိုက်တို့က ပင်နယ်တီ ၂ လုံးဆက်တိုက် လွဲချော်ခဲ့တာကြောင့် ပင်နယ်တီတိုင်းကို ဂိုးဝင်အောင်ကန်နိုင်ခဲ့တဲ့ ဘာစီလိုနာက အနိုင်ရရှိခဲ့ပါတယ်။