The network connection is lost.

Banner Image

လာလီဂါမှာခြေစွမ်းပြသနေတဲ့ လူငယ်ခံစစ်မှူးတစ်ဦးကို စောင့်ကြည့်နေတဲ့ မန်စီးတီး

မန်စီးတီးဟာ ရီးရဲလ်ဗယ်လာဒိုးလစ်နောက်ခံလူ ဂျူမာဘက်ချ်ကို စောင့်ကြည့်နေပေမယ့် ပရီးမီးယားလိဂ်ကပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ သတင်းတစ်ရပ်အရ သိရပါတယ်။

အရည်အချင်းရှိတဲ့ ဆယ်ကျော်သက်လူငယ်လေးဟာ ကလပ်အသင်းတော်တော်များများရဲ့ မျက်စိကျမှုကို ခံနေရတယ်လို့ ထင်ရပြီး ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာပင် မန်စီးတီးက ခေါ်ယူဖို့ရှိနေတာပါ။ဆီယာရာလီယွန် ဗဟိုခံစစ်ကစားသမား ဘက်ချ်ဟာ သြဂုတ်လတွင် မွေးရပ်ဇာတိဖြစ်တဲ့ AIK ဖရီးတောင်းမှ အငှားဖြင့်ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီတွင် လာလီဂါမှာ ခြေစွမ်းပြသထားတာဖြစ်ပါတယ်။

The Sun ရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာလည်း အရပ် ၆ ပေ ၅ လက်မ ရှိတဲ့ လူငယ်ကစားသမားကို စိတ်ဝင်စားနေပြီး အဲဗာတန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကလည်း သဘောကျနေပါတယ်။ ဘက်ချ်ဟာ ဒီရာသီမှာ လက်ရှိအချိန်အထိ လိဂ်ပွဲ ၇ ပွဲ ကစားထားပါတယ်။

သူဟာ ၂၀၂၁ ခုနှစ်တွင် AIK ဖရီးတောင်းမှာ သူရဲ့လူငယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ဆီယာရာလီယွန် နေရှင်တယ် ပရီးမီးယားလိဂ်အသင်း ဖရီးတိုနီယန် SLIFA တွင် အငှားချထားစဉ်အတွင်း စိတ်ဝင်စားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ဗယ်လာဒိုးလစ်ကင်းထောက်တစ်ဦးမှ တွေ့ရှိပြီးနောက် သူ့ကို ပြီးခဲ့တဲ့နွေရာသီတွင် အငှားဖြင့်ခေါ်ယူခဲ့ပါတယ်။

သူဟာ အစောပိုင်းတွင် ဗယ်လာဒိုးလစ် B အသင်းအတွက် ပွဲထွက်ခွင့်ရရန် မျှော်လင့်ထားသော်လည်း စီနီယာအသင်းတွင် လျင်မြန်စွာ နေရာရရှိခဲ့ပြီး ရီးရဲလ်ဆိုစီဒက်နှင့် ဂိုးမရှိသရေကျခဲ့တဲ့ပွဲတွင် ပထမဆုံးပွဲထွက်ခွင့်ရခဲ့ပါတယ်။မန်စီးတီးဟာ ဆောင်းရာသီတွင် အသင်းရဲ့ခံစစ်အားနည်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနိုင်နေတာပါ။

ဂွါဒီယိုလာရဲ့ အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံးခြောက်ပွဲမှာ နိုင်ပွဲရရှိခြင်းမရှိဘဲ ၁၇ ဂိုးအထိ ပေးထားရပါတယ်။"ကျွန်တော် လုံးဝ မပျော်ဘူး။ ပွဲတိုင်းအနိုင်ရရင်တောင် ကောင်းကောင်း အိပ်မပျော်ပါဘူး" "အခုချိန်မှာတော့ ကစားသမားတွေနဲ့ ပိုရင်းနှီးချင်ပါတယ်။ သူတို့ ခံစားနေရတာကိုသိလို့ ကျွန်တော့် နှစ်သိမ့်ပြောကြားပေးခြင်ပါတယ်"

"ဖီယင်နုကိုတောင် ဂိုးတွေသွင်းပြီး အနိုင်မရရှိခဲ့တာကို သူတို့တွေးနေကြမှာဖြစ်သလို တော့တင်ဟမ်နဲ့တွေ့တဲ့ပွဲမှာလည်း အခွင့်အရေးတွေရခဲ့တုန်းက ဘာလို့ ဂိုးမသွင်းခဲ့တာလဲဆိုတာ တွေးနေကြမယ်ဆိုတာ ကျွန်တော်သိပါတယ်" "ကောင်းမွန်တဲ့ အခိုက်အတန့်မှာ ကျေနပ်မှုကို ရှောင်ရှားဖို့ တက်ကြွနေရပါမယ်။

ဒါပေမယ့် အခုအချိန်မှာ သူတို့က အဲဒါကို လုပ်ချင်ပေမယ့် မှန်ကန်တဲ့ နည်းလမ်းကို ရှာမတွေ့သေးပါဘူး" "ကျွန်တော်ဘာလုပ်ရမလဲ သူတို့ကို အပြစ်တင်ရမှာလား။ လုံးဝမဟုတ်ပါဘူး" လို့ ဂွါဒီယိုလာက ပြောပါတယ်။