လာမယ့်ဇန်နဝါရီမှာ အံ့အားသင့်ဖွယ်ယူနိုက်တက်စတားတစ်ဦးကို ရောင်းချမယ့် အာမိုရင်
စကိုင်းဂျာမနီသတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာ တောင်ပံကစားသမား ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ လုပ်ခလစာမြင့်မားတဲ့ကစားသမားတွေကို ရှင်းထုတ်ဖို့ ပြင်ဆင်နေပြီး အာမိုရင်အတွက် ကစားသမားသစ်ခေါ်ယူနိုင်ဖို့ ငွေကြေးတစ်ရပ်ရှာဖွေနေတာဖြစ်ပါတယ်။
အင်္ဂလန်သားဟာ ၂၀၂၃ နွေရာသီတုန်းက ယူနိုက်တက်နဲ့ ၅ နှစ်စာချုပ်သစ်ချုပ်ဆိုထားခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲစုံ ၈ ဂိုးသာသွင်းယူနိုင်ခဲ့သလို အခုရာသီသစ်မှာလည်း ၁၅ ပွဲမှာ ၄ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။
အာဆင်နယ် နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ကို ၂ ပွဲဆက်အရေးနိမ့်ခဲ့တဲ့ပွဲမှာလည်း ရက်ရှ်ဖို့ဒ်တစ်ယောက် အရန်ခုံမှာသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂ ပွဲစလုံးမှာ ဒုတိယပိုင်းအတွင်း ဝင်ရောက်ကစားခွင့်ရခဲ့ပေမယ့် စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ အင်္ဂလန်သားကို စိတ်ဝင်စားနေပေမယ့် တိုးတက်မှုမရှိတဲ့အနေအထားမှာ ခေါ်ယူဖွယ်မရှိဘူးလို့ သိရပါတယ်။ လာမယ့်ယူရိုပါလိဂ်ပွဲအဖြစ် ပလာဇန်နဲ့ပွဲမှာ ရက်ရှ်ဖို့ဒ်တစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
အဲ့နောက် ယူနိုက်တက်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ မန်ချက်စတာဒါဘီအဖြစ် မန်စီးတီးနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်အတွက် အခွင့်အရေးကောင်းတွေရှိလာနိုင်တာဖြစ်ပါတယ်။ အဆိုပါပွဲတွေမှာသာ အင်္ဂလန်သားအနေနဲ့ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ရင် အမြင်တွေပြောင်းလာနိုင်ပါတယ်။